part18 (uni/zg)

3.4K 176 4
                                    

Uni

တစ်ပတ် တစ်ပတ်ရှိပြီ။ဟိုလောရှည်ကောင်ကလင်းရဲ့ကော်ဖီဆိုင်ကိုညနေတိုင်းရောက်ရောက်လာတယ်။ဒါမဲ့အဲ့တစ်ပတ်ပြီးထဲကမပေါ်လာတာနှစ်ရက်ရှိပြီ။ ပြီးရင်ဆိုင်သိမ်းတဲ့အချိန်ထိစောင့်ပြီး ကားနောက်ကလိုက်လိုက်လာမယ်။ဘယ်လိုပြောပြောမရဘူး။အော် နောက်တစ်ခု မထင်ရင်မထင်သလို baby လို့ခေါ်တက်သေးသည်။သူအဲ့လိုခေါ်လိုက်တိုင် ရင်ထဲတစ်ခုခုဖြစ်သွားမိသည်။ပြီးရင် သူ့အားစကားကောင်းကောင်းမပြောဘူးဆိုတဲ့ အချက်နဲ့တင် လူကိုအသားယူတက်သေးသည်။အဲ့လိုချိန်ဆိုရင်လူကရင်ထဲ တစ်ခုခုတောက်မဟုတ်ဘူး ရန်ပြန်လုပ်ဖို့တောင်အင်အားမရှိတော့သလိုပင်။သူအဲ့လိုလုပ်တာကတွေကဆိုင်ထဲမှာပင်။သူကတော့အရှက်မရှိ ဆိုင်ကဝန်ထမ်းတွေကတော့တစ်မျိုးထင်နေကြပြီး စစနေတတ်တယ်။မဟုတ်ကြောင်းရှင်းပြတာလဲမောနေပြီ။ဟိုတစ်ခါဆိုင်ပိတ်တဲ့အချိန်ထိရောက်မလာဘူးဆိုပြီး ပျော်နေရာမှအိမ်ရှေ့တည့်တည့်မှာစောင့်နေလေရဲ့။ပြီးတော့ရုတ်တရက်ပြီး ကိုယ်baby ကိုချစ်တယ်ဆိုပြီးချက်ချင်းကြီးကားပေါ်တက်ပြီးမောင်းထွက်သွားလေရဲ့။ကိုယ့်မှာတော့ဆန်ငင်ဆန့်ငင်နဲ့။ကျွန်တော်ကgayဆိုတာကို come outလုပ်ပြီးသားပင်။ဖေဖေမေမေတို့ကောပဲ။စစပြောချင်းတုန်းကတော့ နည်းနည်းအခက်အခဲရှိတာပေါ့။နောက်မှလက်ခံကြောင်းပြောလာတဲ့မေမေတို့ကြောင့်ဝမ်းသာမျက်ရည်ကျခဲ့ရသေးတယ်။ အခုလောလောဆယ်အရှေ့ကလူကိုဘယ်ဘိုလုပ်ရမှန်းမသိဘူး။ အရှေ့ကလူဆိုမှအခု အိမ်ထောင်ဖက်တွေ့ကြည့်နေတာပေါ့နော်။ဖေဖေကထူးထူးဆန်းဆန်း မတော်သရော်လူတွေနဲ့တွေ့မှာမို့လို့တဲ့ ဖေဖေပြောတဲ့လူနဲ့တွေ့ကြည့်ပါဆိုလို့ ကိုယ့်ဆိုင်မှာပဲဖိတ်လိုက်ခြင်း။ တစ်ခုမှလည်းမိဘတွေကိုမလွန်ဆန်ဘူးတာကြောင့်ဖြစ်သည်။ဖေဖေကတော့မကြိုက်ရင်အတင်းမစီစဥ်ပါဘူးတဲ့။
ဟိုလောရှည်ကောင်ကလည်းအခုထိပေါ်မလာ။ရည်းစားစကားပြောပြီးရင်တော့အဖြေတောင်းရမှာထုံးစံပဲလေ။အခုကနှစ်ရင်ရှိပြီပေါ်မလာတာ။ စဥ်းစားရင်းနဲ့တောင်ဒေါသထွက်လို့။အရှေ့ကဟာကလည်းလူကိုရောက်ထဲကကြည့်နေတာ မျက်နှာမလွှဲ။

မောင့်ရဲ့အချစ်ခံလူတန်းစား(မောင့်ရဲ့အချစ်ခံလူတန်းစား)Where stories live. Discover now