Uni
ဒီနေ့မောင်ကသူ့ငယ်ချင်းနဲ့မိတ်ဆက်ပေးမယ်ဆိုတာကြောင့်ရုံးကိုလိုက်သွားဖို့ပြင်နေသည်။မောင်ကတော့မနက်ထဲအလုပ်သွားချေပြီ။ လင်းစီသွားမှာကရုံးဆင်းချိန်ဖြစ်တာကြောင့် တခါတည်းထမင်းချိုင့်ပို့ရင်းနဲ့မောင်နဲ့အတူရုံးမှာပဲနေဖို့စဉ်းစားထားတာကြောင့် အခုထမင်းဟင်းချက်ပြုတ်နေခြင်းပင်။အိမ်ထောင်ကျတာ ၂ရက်ခွဲရှိပြီ။ယခုမှချက်ကျွေးဖြစ်တာ။တခုခုလုပ်မယ်ဆိုမလုပ်ရဘူးဟိုဟာဖြစ်မယ်ဒီဟာဖြစ်မယ်နဲ့။အခုလည်းရုံးသွားရင်ဘယ်လိုစိုးရိမ်နေတဲ့မျက်နှာတွေ့ရဦးမလဲမသိ။အခုချက်ပြီးသွားတော့ကိုယ့်ကိုကိုယ်ရွိုင်းရဦးမယ်။
”ကြီးကြီးရေ သားကိုဒါလေတွေသေချာထည့်ပေးပါဦး သားအပေါ်မှာအဝတ်သွားလဲဦးမယ် အသီးလေးတွေလည်းထည့်ဖို့မမေ့နဲ့နော် ကြီးကြီး”
”အေးအေးသား သွား ကြီးကြီးလုပ်လိုက်မယ်”
ဒေါ်မြင့်လည်းရှိန်ထွက်သွားတာနဲ့ ထမင်းချိုင့်စတင်ထုပ်ပိုးတော့သည်။ရှိန်လည်းအပေါ်တက်၍ တီရှပ်အပွတစ်ထည်နှင့် ဘောင်းဘီရှည်တစ်ထည်လဲပီးနည်းနည်းပြင်ဆင်၍ဖုန်းယူပြီးအောက်ပြန်ဆင်းလာခဲ့သည်။
”ကြီးကြီး ပြီးပြီလား ပေး သားသွားတော့မယ်…
”သားဂရုစိုက်သွားဦး သခင်လေးကိုဖုန်းဆက်လိုက်မယိကြီးကြီး”
”အာ ရတယ်မဆက်နဲ့ သားရောက်မှဆက်လိုက်မယ်”
”အေးအေး ဉီးထင်စောင့်နေတယ် ကားနားမှာ”
”ဟုတ်ကဲ့တာတာ့ ”
”အေး”ဒေါ်မြင့်တစ်ယောက်ပြုံးလိုက်မိသည်။သူတို့သခင်လေးကတကယ့်ကလေးတစ်ယောက်ကိုပိုင်ဆိုင်ထားတာပဲ။ဖြူစင်လိုက်လေခြင်း
ရှိန်လည်းဉီးထင်မောင်းနှင်သောကားတွင်လိုက်ပါဿမောင့်ဆီသို့ထွက်လာခဲ့သည်။
__________________________
သူရိန်မနက်ရုံးရောက်ထဲကနှစ်ကုန်တော့မှာဖြစိတာကြောင့်ဖိုင်တွေကြားခေါင်းနှစ်နေရသည်။ဒီကြားထဲချစ်ကိုလွမ်းတာကတစ်မျိုး။မနက်ထဲကဖုန်းမဆက်ရသေး။သူလည်းမဆက်သလိုချစ်လည်းဖုန်းမဆက်။ဟူး ချစ်ရတာမလွယ်ကူလိုက်တာ။ပြောလည်းသိမှာမဟုတ်တဲ့faမတွေ။
စည်သူလည်းတော်တော်အားကိုးရပါတယ်။ခန့်တာမကြာသေးပေးမဲ့အလုပ်မှာစိတ်ပါဝင်စားမှုတော်တော်ရှိသည်။ထမင်းစားချိန်တောင်ရောက်တော့မည်။မပြီးနိုင်သည့်စာရင်းတွေကြားခေါင်းမထုတ်နိုင်သေး။ဒါတောင်စည်သူနဲ့မအေမီဝိုင်းလုပ်ပေးနေခြင်းပင်။မစဥ်းစားတော့ပဲစာရင်းအားပြန်လုပ်နေချိန်
YOU ARE READING
မောင့်ရဲ့အချစ်ခံလူတန်းစား(ေမာင့္ရဲ႕အခ်စ္ခံလူတန္းစား)
RomanceMarried life လေးပါ ပထမဆုံးbl oc ဖြစ်လို့မကောင်းတာရှိရင်ပြောပေးကြပါ Start date -11.23.2020 End date-----?