part16 (uni/zg)

3.8K 200 7
                                    

Uni

”မောင့်!!!!!!!!”

”ဗျ, ဗျာ!!!” သူရိန် အရင်အကြောင်းတွေစဥ်းစားနေရာမှရင်ခွင်ထဲကအသံစူးစူးလေးကြောင့်လန့်သွားမိသည်။

”ဘာတွေတွေးနေတာလဲ ခေါ်နေတာကြာပြီကို ဟွန့်” ရှိန်နိုးလာတော့ မောင်ကသူ့အားရင်ခွင်ထဲထည့်ထားပြီး ဘာတွေတွေးပြီးပြုံးနေလဲမသိ။သူလုပ်ထားတာသူမသိတဲ့အတိုင်းပဲ ပြုံးနေလိုက်တာများ။

”ချစ်ကလည်း ကိုယ်ကဘာတွေးရမှာလဲ အရင်တုန်းကအကြောင်းတွေပြန်တွေးနေတာ ” သူပြောလိုက်တော့လည်း မယုံသင်္ကာ နဲ့

”ဟုတ်လို့လား”

”ဟုတ်ပါတယ်ဗျာ ကဲ အခုတော့မျက်နှာသစ်ရအောင် ထနိုင်ရဲ့လား မောင့်လက်စမောင်သိတယ်” သူရိန်ပြောလိုက်တော့ရင်ခွင်ထဲမျက်နှာပြန်ဝှက်၍

”မောင့် ဘ...ဘာတွေပြောနေတာလဲ အရှက်မရှိ”

”ဟက် ဒါရှက်စရာမှမဟုတ်တာ နောက်လည်း ကိုယ်တို့ကြားမှဒီ ကိစ္စတွေရှိဦးမှာပဲလေ အသည်းလေးရဲ့”

”အင်းလေ ဒီလိုမျိုးပြောတာကြီးက ရှက်တယ်လေ”

”အင်း အခုထရအောင် ၈နာရီထိုးတော့မယ်ချစ်ရဲ့ ”

”အင်း မထနိုင်ဘူး ချီသွား”

”လာ အသည်းအသက်လေး”ဆိုပြီးလက်ဆန့်ပေးလိုက်တော့လည်း ဖားပျံလေးလိုမျိုးတွယ်ကပ်လာသည်။သူရိန်လည်း တင်ပါးအောက်မှထိန်းကိုင်၍ရေချိုးခန်းထဲသို့ချီခေါ်သွားလိုက်ပြီးဘေစင်ဘောင်ပေါ်တင်ပေး၍

”မျက်နှာသစ်ရအောင် ကိုယ်ဒီနေ့အလုပ်သွားရမယ် ချစ်လိုက်ချင်သေးလား ”

”ဟင့်အင်း မလိုက်တော့ဘူး အိမ်မှာပဲနေမယ် ”

”အင်း မျက်နှာသစ်ပြီးရင် မောင်ရေချိုးပေးမယ် ”

”မောင်ကလည်း ချစ်ဘာသာချိုးလို့ရတာကို အရင်ကလည်းချစ်ဘာသာချိုးတာလေ”

”မရဘူး အဲ့တာအရင်က အခုမောင့်ရဲ့ အသည်းအသက်လေး မောင်ချိုးပေးမယ်” ရှိန်လည်းမောင့်အပြောကြောင့်ငြင်းမရမှန်းသိ၍ခေါင်းသာငြိမ့်ပြလိုက်သည်။

မောင့်ရဲ့အချစ်ခံလူတန်းစား(မောင့်ရဲ့အချစ်ခံလူတန်းစား)Where stories live. Discover now