part14 (uni/zg)

3.3K 190 7
                                    

Uni

ဘာလိုလိုနဲ့ရှိန်တို့ဒီကိုရောက်တာနှစ်ရက်ကျော်နေပြီ။ပြောရမယ်ဆိုရင်စက်တင်ဘာလ၂၃ရက်နေ့ရှိန့်ရဲ့၂၆နေ့ပြည့်မွေးနေ့ပင်။မောင်ကမနက်အိပ်ရာနိုးကတည်းကဘာမှမပြော။သိပုံတောင်မပေါ်ဘူး နှစ်ယောက်လုံးဒီနေ့ဟိုတယ်ခန်းထဲမှာပင်နေဖြစ်သည်။နေ့လည်ထမင်းစားချိန်တောင်ရောက်တော့မည် ေမာင်ကမွေး နေ့နဲ့ပက်သက်ပြီးတစ်ခွန်းမျှပင်မဟပေ။ဘာမှမလုပ်ပေးရင်တောင် အနည်းဆုံးhappy birthday ချစ်ဆိုတဲ့စကားတော့ကြားချင်တာပဲလေ။အခုသူကဆိုဖာပေါ်မှာထိုင်ပြီးတော့ မောင်ကအောက်တွင်ထိုင်၍
Laptopတစ်လုံးနဲ့ ဟိုတနေ့ကအလုပ် ကိစ္စ တွေပြန်ပြီးစစ်ဆေးနေလေရဲ့ ။မွေးနေ့အကြောင်းတွေးလေ ဝမ်းနည်းလေဖြစ်တာကြောင့်မျက်နှာကမသာယာတော့။

ဒီနေ့ဟာချစ်မွေးနေ့ဆိုတာသိပါတယ် ။ညကြရင်အကြောင်းတစ်ခုရှိလို့တမင်သက်သက်မသိချင်ယောင်ဆောင်ထားခြင်းပင်။ချစ်ကမွေးနေ့နဲ့ပက်သက်ပြီးသူဘာမှမပြောလို့ဝမ်းနည်းနေတယ်ဆိုတာသိတယ်လေ။ဒါပေမယ့်လည်းညနေမှပေါင်းပြီးချော့တော့မည်။အခုလည်းဆိုဖာပေါ်မှာထိုင်ပြီးမျက်နှာမသာမယာဖြစ်နေတာအလုပ်ပြန်စစ်နေတဲ့laptopကိုပိတ်လိုက်ပြီး ဆိုဖာပေါ်တက်၍ ချစ်မျက်နှာအားကိုင်ပြီး

”ချစ် ဘာဖြစ်လို့လဲ နေမကောင်းဘူးလား”

”မဟုတ်ပါဘူး”ရှိနိလည်းသူ့အားမေးနေတဲ့မောင့်ကြောင့်ပြန်ဖြေလိုက်သည်

”အဲ့ဆ်ုဘာလို့လဲ”

”ေမာင် ဒီနေ့ဘာနေ့လဲ”

”ဒီနေ့လား ၂၃ရက်နေ့လေ”

”မဟုတ်ဘူး တခြားဟာ”

”တခြားဟာ အင်း ဒီနေ့ကသောကြာနေ့လေ”သူရိန်လည်းချစ်မေးနေတာကြောင့်လှည့်ပတ်ပြီးသာဖြေနေလိုက်သည်။

”ဟာ့မောင် မဟုတ်ဘူးလေ”ရှိန်လည်းမောင်ကမသိဘူးလို့ပဲပြောနေတာကြောငိ့ဝမ်းနည်းသွားလေသည်။

”ကဲ ထားလိုက်တော့ မောင်တို့နေ့လည်စားရအောင်”

”အင်း ချစ်ဒီနေ့စိတ်ထဲနေလို့မကောင်းဘူး”

မောင့်ရဲ့အချစ်ခံလူတန်းစား(မောင့်ရဲ့အချစ်ခံလူတန်းစား)Donde viven las historias. Descúbrelo ahora