part20 (uni/zg)

4.1K 174 9
                                    

Uni

”အွင်း” အခန်းတစ်ခုထဲတွင် တစ်ယောက်ကကျောပေး၍နောက်တစ်ယောက်ကထိုကျောပေးထားသောကောင်လေး၏ကျောပြင်သို့ကြည့်လျက်အနေထားဖြက့်အိပ်ပျော်နေကြသည်။ ယခုနိုးလာခဲ့လျှင်ညကအခြေအတငိဖြစ်ထားတဲ့ ကိစ္စ ကအဘယ်သို့ဖြစ်မည်နည်း

ရှိန်နိုးလာတော့နာရီကြည့်လိုက်တော့ ၇နာရီထိုးပင်ရှိသေးသည်။ဘေးတွင်မောင်ကတော့ အိပ်ပျော်နေသေးသည်။ပြန်အိပ်လျှင်အိပ်ပျော်မှာလဲမဟုတ်တာကြောင့် ရေမိုးချိုးပြင်ဆင်ရန်ရေချိုးခန်းထဲသိူ့သာဝင်ခဲ့လိုက်တော့သည်။ မောင့်ကိူလည်းမနှိုးချင်တော့ပေ။သူ့အမြင်မှာကိုယ့်ကတချိန်လုံးရစ်နေတယ်လို့ပဲမင်နေတယ်ထင်ပါ့ ။ဘယ်အချိနိထဲကပြောချင်နေလဲမသိဘူး။ကိုယ့်မှာတော့သူ့ကိုချစ်လို့ဆိုပြီး သဝန်တိုအပြစ်ပြောခဲသမျှတွေအကုန်အလကား။သူ့အမြင်မှာရှိန် မရင်ကျက်ဘဲ တစ်ချိနိလုံးရစ်နေတဲ့လူတစ်ယောက်သာသာဖြစ်ခဲ့သည်မလား။ တွေးရင်းနဲ့တောင့်မျက်ရည်များရစ်ဝိုင်းလာတယကြောင့် မျက်တောင်များအားပုတ်ခပ်ပုတ်ခပ်လုပ်လိုက်သည်။ ဒီနေ့ကစပြီးသူ့ ကိစ္စမှန်သမျှဝင်မပါဖို့သာစိတ်ထဲဆုံးဖြတ်လိုက်သည်။စိတ်ထဲမှာနာကျင်နေတာကိူဘေးဖယ်ပြီး ရင့်ကျက်ဖို့သာအာရုံစိုက်တော့မည်။တွေးနေတာအားရပ်ပြီး မနက်ခင်းအမှုအားစတင်လုပ်ဆောင်တော့သည်။

သူရိန်အိပ်နေရာမှဘေးဘက်သိူ့စမ်းကြည့်လိုက်တော့ လစ်ဟင်းနေတာကြောင့်ကပျာကယာဌိုင်မိသည်။ခေါင်းထဲဝင်လာသည့်အရာကထွက်များသွားတာလားဆိုသည့်အကြောင်းပင်။ထိုအချိန်

”ချောက်” သူရိန်ရေချိုးခန်းတံခါးဖွင့်သံကြားမှမော့ကြည့်လိုက်တော့ချစ်ဖြစ်နေလေသည်။ ယခုမှရေချိုးပြီးခါစ မျက်နှာဝင်းဖန့်နေ၍ ခေါင်းမှရေဆက်လက်ဖြင့် bathrobe ဝတ်ပြီးထွက်လာလေသည်။ကိုယ့်မှာတော့့သူ့ကိုမျက်တောင်မခပ်ပဲကည့်နေတာ ပြန်ရလာတာကခံစားချက်မဲ့နေတဲ့မျက်ဝန်းတစ်စုံသာ။

ရှိန်ရေချိုးပြီးထွက်လာတော့ မောင်ဿုတင်ပေါ်တွင်ငုတ်တုပ်ထိုင်ပြီးသူ့အားမျက်တောင်မခပ်ပဲကည့်နေတာကြောင့် ဘာခံစားမှုမှယမပါတဲ့အကြဘ့်တစ်ချက်သာကြည့်၍ အဝတ်ခနိးသို့သာဦးတည်လိုက်သည်။

မောင့်ရဲ့အချစ်ခံလူတန်းစား(မောင့်ရဲ့အချစ်ခံလူတန်းစား)Où les histoires vivent. Découvrez maintenant