part15 (uni/zg) past end

3.5K 179 7
                                    

Uni

"ချစ် ဒီနေ့မောင်တို့wedding suitသွားယူရမယ်"

"ဟုတ်လား သွားမယ်လေ အခုလား"သူရိန်ပြောလိုက်တော့တက်တက်ကြွကြွနဲ့အခုသွားမယ်လို့ပြောတဲ့ချစ်ကြောင့်

"အင်း အခုချစ်အဲ့ဒါပြီးရင် ဘယ်သွားချင်သေးလဲ"

"ဟင့်အင်း ဘယ်မှမသွားချင်ဘူး ချစ်ကိုပြန်ရောက်ရင် အခန်းထဲကိုပဲမုန်တွေအများကြီးမှာပေးနော်"ကလေးတွေပြောသမျိုးသူ့ရင်ခွင်ထဲကနေ လက်တွေကားပြီးပြောနေတာကြောင့် အသည်းယားမိသည်ကြောင့် ချုပ်ပြီးဖက်လိုက်မိသည်။

ရှိန်လည်းသူ့အား အားနှင့်ချုပ်ပြီးဖက်လိုက်တဲ့မောင်ကြောင့် လန့်သွားလေသည်။ရုတ်တရက်ဖက်လိုက်တာကြောင့်ပင်

"မောင့် ဖြေးဖြေးဖက်လည်းရပါတယ် လန့်သွားတာပဲ ဟွန့်"ပြောရင်းနဲ့ပင်နှုတ်ခမ်းဆူလာတာကြောင့်

"ချစ်ကမောင်နမ်းစေချင်လို့နှုတ်ခမ်းဆူထားတာလား"

"မ...မဟုတ်ပါဘူး မောင်နော်မနောက်နဲ့အတည်ပြောမယ်နားထောင်"

"ကဲပြော "

"ခဏလေးမျက်နှာချင်းဆိုင်ပြောင်းထိုင်လိုက်ဦးမယ်"ဆိုပြီးရင်ခွင်ထဲကနေထပြီးမျက်နှာချင်းဆိုင်ခွထိုင်လာတာကြောင့်ခါးအားထိန်းဖက်ထားပေးလိုက်သည်။

ရှိန်လည်းမောင့်ရှေ့သိုပြောင်းထိုင်လိုက်တော့ခါးအားထိန်းဖက်ထားတဲ့မောင့်ကြောင့် ပြုံးမိသည်။ချစ်မိရင်ဘာမဟုတ်တာလေးကိုတောင်ဂရုစိုက်ခံရရင်ကြည်နှူးမိသည်မလား။သူလည်းမောင့်ပုခုံးထက်တွင်လက်ချိတ်ထားလိုက်သည်။ပြောစရာရှိတာတော့ပြောရမည်ဖြစ်တာကြောင့်

"မောင် မေမေတို့ချစ်ကိုမချစ်တော့ဘူးထင်တယ်မနေ့ကချစ်မွေးနေ့ကိုတစ်ယောက်မှဖုန်းမဆက်ဘူးလင်းကောပဲ ချစ်ကိုပြစ်ထားတယ် မကောင်းကြဘူးတစ်ယောက်မှ ပြန်ရောက်ရင်ချစ်နဲ့တွေ့မယ်အကုန်လုံး"
သူ့မွေးနေ့တွင်မေမေတို့နှင့်သူငယ်ချင်းကဖုန်းမဆက်လို့ ဒေါပွနေတဲ့လူဆိူးလေးရယ်ပါ။အမှန်ကသူဖုန်းမဆက်ခိုင်းခြင်းပင်။supriseလုပ်ချင်တာကြောင့် တမင်မပြောခိုင်းတာဖြစ်သည်။

မောင့်ရဲ့အချစ်ခံလူတန်းစား(မောင့်ရဲ့အချစ်ခံလူတန်းစား)Where stories live. Discover now