Uni
သူရိန်လည်းကိုကိုနဲ့ဘာစကားမှထပ်မပြောတော့ဘဲ
ကော်ဖီဆိုင်သို့သာမြန်မြန်မောင်းထွက်လာခဲ့သည်။ကိုကိုသူ့ကိုခိုးခိုးကြည့်နေတာသိတာပေါ့ ပြီးတော့လည်းမျက်နှာငယ်လေးနဲ့။ သူကအဲ့လိုမျက်နှာငယ်တာနဲ့ လူကမထိန်းထားနိုင်ဘူး။ပြန်ပြီး စကားပြောချင်တယ် ဒါမဲ့ကိုကိုအက်လိုပြောတာဝမ်းနည်းတယ်။ လုံးဝစကားမပြောဘူး ဘယ်လိုပြန်ချော့မလဲကြည့်မယ် ။ မချော့လည်းဘာဖြစ်လဲ ပြစ်ထားလိုက်တော့မယ်..............လို့ထင်လားကိုယ်ကချစ်တဲ့သူပဲ သူပြန်မချော့လည်းကိုယ်ကပြေလိုက်မှာပေါ့ အမှန်ကစိတ်မဆိုးပါ ဝမ်းပဲနည်းတာ ဘယ်လိုပြန်မချော့လည်းသိချင်လို့။ ကော်ဖီဆိုင်လည်းရောက်ပြီဖြစ်တာကြောင့် ကားရပ်လိုက်သည။ရှိန်လေးလည်းCeo ကြောင့်ဘာစကားမှထပ်မပြောဘဲ ကားပေါ်၌ တိတ်တဆိတ်သာလိုက်ပါလာခဲ့သည်။ ခဏနေတော့ ကားရပ်သွားတာကြောင့် ကြည့်လိုက်တော့ ကော်ဖီဆိုင်ရောက်နေသည်။ဒါကြောင့် ceo နှင့်အတူဆင်း၍coffeဆိုင်ထဲသို့ဝင်ပြီးဝန်ထမ်းတစ်ယောက်အားခေါ်၍လင်းအားရောက်ပြီဖြစ်ကြောင်းပြောခိုင်းလိုက်သည်
Linn's cafeတွင်
လင်းလင်းမောင်သည်ယနေ့တွင်ဆိုင်မှာလူသိပ်မရှိတာကြောင့် ရုံးခန်းတွင်သာထိုင်နေလိုက်သည်။ ညနေ၃နာရီလောက်တွင်ရှိန်သည်လာမည်ဖြစ်ကြောင်း သူ၏ceo လောရှည်ကောင်ပါ;ပါလာမည့်အကြေားပြော၍ဖုန်းချသွားတာကြောင့်စောင့်နေလိုက်သည်။
”ဒေါက် ဒေါက်.. ,..... အကိုလင်း အပြင်မှာသူငယ်ချင်းရောက်ပြီ” လင်းလည်းထိုင်နေရာမှ အပြင်ကဝန်ထမ်းကောင်မလေးကသူငယ်ချင်းရောက်ပြီဖြစ်ကြောင်းပြောသောကြောင့် အပြင်ထွက်လာလိုက်သည်။ ရှိန်သည်မှန်ပြတင်းနားကခုံတွင် ဘေးက တော်တော်လေးကြည့်ကောင်း၍ကြည့်လိုက်တာနှင့်ရှိန်နိုင်သော အကြည့်စူးစူးများကြောင့်လင်းတောင်အဝေးကကြည့်လျှင်ရှိန်သည်။ကြည့်တာကိုရပ်လိုက်ပြီး ရှိန်ဆီအမြန်သွားလိုက်သည်။
”ရှိန်” ရှိန်လည်းခေါ်သံကြောင့်ကြည့်လိုက်တော့လင်းဖြစ်နေသည်
YOU ARE READING
မောင့်ရဲ့အချစ်ခံလူတန်းစား(ေမာင့္ရဲ႕အခ်စ္ခံလူတန္းစား)
RomanceMarried life လေးပါ ပထမဆုံးbl oc ဖြစ်လို့မကောင်းတာရှိရင်ပြောပေးကြပါ Start date -11.23.2020 End date-----?