Uni
တောင်ဥက္ကလာပ ဆိပ်ငြိမ်ရပ်ကွပ်၏ လမ်းတစ်ခုထဲသို့ 2020ထုတ် bmw 7series တစ်စီး ချိုးဝင်လာပြီး ၃ ထပ်တိုက်လုံးချင်းအိမ်တစ်လူံးရှေ့တွင် ရပ်လိုက်သည် ။ ကားထဲတွင်သူရိန်တစ်ယောက်ကားဟွန်းတီးလိုက်သောအခါ ခြံစောင့် ဦးထင်တံခါးလာဖွင့်ပေးသည်။သူရိန်အဖေနှင့်အမေသည် ဤသုံးထပ်အိမ်ကို မဂ်လာလက်ဖွဲ့အဖြစ်ပေးပြီး ဝေယျာဝစ္စ များလုပ်ကိုင်ရန်အတွက်ဒေါ် မြင့်နှင့် ဉီးထင်ကို ခန့်ထားစေသည်။ ရှိန်လေး၏မိဘများက အိမ်တွင်လိုအပ်သော ပရိဘောဂများကို နိုင်ငံခြားမှတင်သွင်းသော အကောင်းဆုံး ပစ္စည်း များကိုလက်ဖွဲ့ပေးခဲ့သည်။ ခြံတံခါးဖွင့်ပေးသောအခါ သူရိန်တစ်ယောက် အိမ်ရှေ့ပေါ်တီက်ု အောက်တွင်ကားကိုရပ်၍ ကိုကိုနှင့်အတူကားပြင်ထွက်ခဲ့ပြီးအိမ်ထဲသို့ဝင်လိုက်သောအခါ ဒေါ်မြင့်ကိုတွေ့၍ ကိုကိုနှင့်မိတ်ဆက်ပေးဖို့ ဦးထင်ကိုပါခေါ်ပြီး
”ကိုကို”
”အင်း”
”ဒါ ဦးထင်တဲ့ မှတ်ထားနော် မောင်အိမ်မှာမရှိလို့ တစ်နေနေရာသွားချင်ရင် ဒါမှမဟုတ် မောင့်ကိုလွမ်းလို့ company မှာလာတွေချင်ရင် လိုက်ပို့ခိူင်းလို့ရတယ် သိလား ဦးထင် ဒီကအဆိုးလေးကို ကျနော်မရှိရင် ဂရုစိုက်ပေးပါဦး ဒီကဒေါ်မြင့်လည်းကိုကို့ကို စောင့်ရှောက်ပေးပါဦးနော်”
”ဟုတ်ကဲ့ သခင်လေး....အကိုလေးကိုဂရုစိုက်ပါ့မယ်” လို့ဉီးတင်ကပြောတော့ကိုကိုက
”ဟာ ဦးလေးနဲ့ ကြီးကြီး သခင်လေးတို့ဘာတို့မခေါ်ပါနဲ့ သားတို့ကမိသားစုစိတ်ဓာတ်ပဲ ရှိန်လေးလို့ပဲခေါ်ပါ မောင့်ကိုလည်းသူရိန်လို့ပဲခေါ်ပါ နော်လို့ မောင်ကူပြောပေးလေ” လို့မောင့်ကိုပြောတော့ မောင်ကပြုံး၍ကျွန်တော့ကိုလှည့်ကြည့်ပြီး
”အဆိုးလေးသဘောကြပဲ ခေါ်လိုက်ကြပါ နောင်တစ်အိမ်ထဲနေရမှာပဲ မိသားစုတွေပဲပေါ့” လို့သူရိန်လည်းပြောလိုက်ကော အဆိုးလေးကပြုံးပြီး ပါးကိုလာနမ်းလေးသည် ပြီးမှဒေါ်မြင့်နဲ့ဦးထင်ရှိတာ သိပြီး ရှက်ပြီးအပေါ်ပြေးတက်သွားလေသည်။
أنت تقرأ
မောင့်ရဲ့အချစ်ခံလူတန်းစား(ေမာင့္ရဲ႕အခ်စ္ခံလူတန္းစား)
عاطفيةMarried life လေးပါ ပထမဆုံးbl oc ဖြစ်လို့မကောင်းတာရှိရင်ပြောပေးကြပါ Start date -11.23.2020 End date-----?