||2||

2.5K 307 23
                                    

<U>

A နိုင်ငံမှာတော့ Luo ကလန်ဆိုတာက စီးပွာရေးဘုရင်ဆိုတဲ့ဘွဲ့ကို ဆွေစဉ်မျိုးဆက် လက်ဆင့်ကမ်းလာကြတာပဲ..
မူလခန္ဓာကိုယ်ရဲ့ အလှည့်ရောက်မှ ရှိသမျှပိုင်ဆိုင်မှုတွေ ပြုတ်ပြုတ်ပြုံးသွားခဲ့တာ..
Luo မိသားစုရဲ့ဖွားဖွားက အခုထိ ရှိနေသေးပြီး၊သူမရဲ့ ယောကျ်ားဖြစ်သူနဲ့ A မြို့ရဲ့ မြို့လည်ခေါင်မှာ နေထိုင်တယ်..

သွေးသားရင်းမဟုတ်ပေမဲ့ luo ဖွားဖွားရော၊သူမ ယောကျ်ား Wu ဖိုးဖိုးကပါ မူလကိုယ်ကို အတော်ချစ်ရှာတယ်..
မူလကိုယ်ရဲ့ ခဏခဏ သေကြောင်းကြံစည်မှုတွေကိုကြားတဲ့အခါမှာ အသက်၈၀ကျော် အဖိုးကြီးအဖွားကြီးနှစ်ယောက်လုံးက စိတ်ထိခိုက်ပြီး နှစ်ယောက်လုံး ရှေ့ဆင့်နောက်ဆင့်ဆုံးသွားခဲ့ကြတယ်..
သိကြတဲ့အတိုင်းပါပဲ..စာရေးဆရာက ဗီလိန်အသေးလေးကို အမြန်သေအောင်လို့၊သူရဲ့ အားကိုးရာ မှန်သမျှကို သူကိုယ်တိုင်ကပဲ ရူးရူးမိုက်မိုက် ဆန့်ကျင်ခိုင်းစေခဲ့တယ်..
Luo YunXi ဒီကိုယ်ထဲကို ရောက်လာချိန်မှာတော့၊ဒီလို တူညီတဲ့ အမှားမျိုးကို ထပ်ပြီး လုပ်တော့မဟုတ်ဘူး..
ကြိမ်းသေပေါက်ကို ရှိသမျှ ရွှေရောင်အခွင့်အရေးတိုင်းကို သူက လိုက်ကောက်မှာပဲ...

အိမ်တော်ထိန်းဝမ်ရဲ့ စေ့စပ်သေချာမှုကြောင့် ဗီလိန်Boss ကို သွားရောက်မွေးစားပြီး ပြန်လည်ရောက်ရှိချိန်မှာ ဗီလာရဲ့ ဒုတိယထပ်ရှိ အိပ်ခန်းကျယ်ကြီးထဲမှာ အရာရာပြင်ဆင်ပြီးသားဖြစ်သည်..
Luo yunxi ရဲ့ မှာကြားချက်နဲ့ တစ်ခန်းလုံး အစိမ်းရောင်နံရံကပ် စက္ကူတွေနဲ့ အလှဆင်ထားတယ်..
အခန်းပတ်ပတ်လည်ကို အကဲခတ်ပြီး မျက်မှောင်ကြုတ်နေတဲ့ ဇာတ်လိုက်လေးကိုကြည့်ပြီး၊
သဘောကျသွားမဲ့ အမူအရာပေါ်လာမဲ့ ဇာတ်လိုက်ရဲ့ မျက်နှာလေးကိုကြည့်ဖို့ yunxi စောင့်နေလိုက်တယ်..

အံ့သြ သွားလိုက်စမ်းပါ...
မင်းပါပါးက ဝတ္ထုထဲက မင်းအကြိုက်အရောင်ကို အတိအကျမှတ်မိနေတယ်..
မှတ်မိဆို..ဗီလိန်ကြီးက မူလကိုယ်ကို ဖမ်းပြီး၊
တိတ်နဲ့ကပ်တာတောင် တိတ်ကသူ့အကြိုက်အရောင်အစိမ်းတဲ့လေ..တစ်ကယ့်ကို psycho ပဲ..

ဒါပေမဲ့ ထင်ထားတဲ့အတိုင်း ပျော်ရွှင်တဲ့အမူအရာမပြတဲ့အပြင်၊ မျက်နှာသေနဲ့ ဝတုတ်လေးက ရေချိုးခန်းထဲဝင်ပြီး လက်သွားဆေးနေတာကိုပဲ တွေ့လိုက်ရတယ်..

Melodrama[ FeiYunXi ]&lt;Rebirth&gt;[completed]Wo Geschichten leben. Entdecke jetzt