[U]
အပြာရောင်မိုးသားပြင်မှ လင်းလက်တောက်ပလာသော မနက်နေရောင်သည် အဖြူရောင် လိုက်ကာများ အကြားတိုးဝင်ကာ အခန်းထဲသို့ ဖြာကျလာသည်။အဖြူရောင် အိပ်ယာထက်မှာ ပူးကပ်ကာ အိပ်နေကြသည့် လူနှစ်ဦးက အဝတ်ကင်းမဲ့လျက် တစ်ဦးကို တစ်ဦး၊ လွတ်ထွက်သွားမှာ ကြောက်သည့်အလား ဖတ်တွယ်ထားကြသည်။
ဟင့်...
နေရောင်ခြည်စူးစူးကြောင့် အိပ်မရတော့တဲ့ luo yunxi က မလိုမကျဟန် ငြီးငြူသည်။ထိုအသံလေးကြောင့်ပဲ မတိုင်ခင်က အိပ်ပျော်နေသည့်
chen feiyu က နိုးလာပြီး ၊ သူ၏ရင်ခွင်ထဲသို့ ပိုတိုးဖက်ကာ ချော့မြူလိုက်သည်။"ကျွတ်ကျွတ်...လိမ္မာတယ်၊ ပြန်အိပ်လိုက်..ကျွတ်ကျွတ်..."
အမှန်တကယ်ပြန်အိပ်ပျော်သွားတဲ့ yunxi ကို အိပ်ယာထက်မှာ ထားရစ်ခဲ့ပြီး၊ feiyu က သန့်စင်ကာ အိမ်အောက်သို့ ဆင်းသွားခဲ့သည်။မနက်စာများ အဆင်သင့်ပြင်ဆင်ပြီးချိန်မှ အပေါ်ထပ်သို့ ပြန်တက်ကာ ဦးသေးသေးလေးအား နိုးရန် ပြင်ရတော့သည်။
ကလစ်~~~
အခန်းထဲဝင်လိုက်ချိန်မှာ နိုးနေပြီဖြစ်တဲ့ yunxi က ကုတင်ပေါ်မှာ မျက်လုံးများ မဖွင့်ပဲ စူပုတ်ပုတ်လေး ထိုင်နေသည်။feiyu က ခပ်ဟဟရယ်လိုက်ပြီး၊ yunxi အနားသို့ သွားကာ ထိုင်လိုက်သည်။
"နိုးပြီလား..."
"အကျင့်ပုတ်ကြီး၊ ငါရပ်လို့ပြောတဲ့အချိန်မှာ ရပ်ရမယ်ဆိုတာ မသိဘူးလား၊ ခု ငါ ခါးတွေနာနေပြီ..."
သူ့ကို စူပုတ်ပုတ်လေးနဲ့ ဂျစ်တိုက်နေတဲ့ yunxi ခေါင်းလေးကို သူက ဖွဖွလေးဖွလိုက်သည်။အကျီမကပ်တဲ့ ခန္ဓာကိုယ်သေးသေးပေါ်က အရောင်ပြောင်းနေပြီဖြစ်တဲ့ အမှတ်အသားလေးများကို ခပ်ဖွဖွပွတ်သပ်လိုက်ပြီး၊ ညှပ်ရိုးပေါ်က
ကိုက်ရာပေါ်ကို ဖွဖွလေး နမ်းလိုက်သည်။"feiyu မ မရတော့ဘူးနော်...ငါနာနေပြီ.."
သူ့ကို အားမပါပဲတွန်းကာ၊ ဖယ်ထုတ်နေသည့် လက်သွယ်သွယ်လေးများကို သိမ်းကျုံးယူပြီး
သူ့ရင်ခွင်ရှေ့တွင် ကပ်လိုက်သည်။
YOU ARE READING
Melodrama[ FeiYunXi ]<Rebirth>[completed]
Fanfictionu... Luo YunXi က သူ အပြစ်ပြောနေကြ ဝတ္ထုရဲ့ သူနဲ့နာမည်တူ ဗီလိန်ဇာတ်ကောင်နေရာကို ကူးပြောင်းသွားခဲ့ပြီးနောက်မှာ နောက်ဆုံးထိအသက်မခံရပဲ ရှင်သန်နိုင်ဖို့ ဗီလိန်လေးကို မွေးစားဖို့ ဆုံးဖြတ်ခဲ့တယ်၊ဒါပေမဲ့ ဘယ်သူသိနိုင်မှာလဲ သောက်ကျိုးနည်း အမွှာလေးက လူမှားလာခဲ...