||11||

1.9K 246 28
                                    

[U]

"ကိုကို..."

"ဟမ်..fe feiyu လေးလား..."

သူ့ထက်အရပ်မြင့်တဲ့ ထိုကောင်လေးကို luo yunxi က ကြီးမားဝိုင်းစက်တဲ့မျက်လုံးကြီးတွေနဲ့
မော့ကြည့်လာတယ်...

"ကျွန်တော်လေ..ကိုကိုက ကျွန်တော့်ကိုတောင် မမှတ်မိတော့ဘူးလား.."

ဆိုးချင်သလို၊စိတ်ကောက်သွားသလို အမူအယာနဲ့ လူကောင်နဲ့မလိုက် သူ့ကိုစိတ်ဆိုးသွားတဲ့ ကောင်လေးကို ကြည့်ပြီ yunxi အတော့်ကို အံ့သြ သွားရတယ်..
နိုင်ငံရပ်ခြားမှာ ဒီကောင်လေးတွေက ဘာတွေဒီလောက်တောင်စားခဲ့လို့ အရပ်က သူ့ထက်ရှည်နေရတယ်..

"feiyu မင်းပိန်သွားတယ် စာလုပ်ရတာပင်ပန်းလို့လား.."

ကောင်ငယ်လေးရဲ့ မျက်နှာချောချောကို သူက ထိကိုင်ပြီး စိတ်ပူစွာ မေးမြန်လိုက်တော့မှ၊ နဂိုဆူပုတ်နေတဲ့ မျက်နှာလေးက ပြုံးလာတယ်..

"အမ်း...နည်းနည်းပါ၊ yunxi ကို ကျွန်တော်လာကြိုတာ လာ..ပြန်ရအောင်..."

သူ့လက်ကိုဆွဲပြီး၊ ကားထဲအတင်းထည့်ကာ ၊ ကောင်လေးက ကားကို သူကိုယ်တိုင်မောင်းတော့တယ်..

"ဘယ်တုန်းက ပြန်ရောက်တာလဲ..ကိုကို့ ကို ပြောလည်းမပြောဘူး၊ မပင်ပန်းဘူးလား ဘာလို့မနားပဲ ကားကိုကိုယ်တိုင်မောင်းပြီး လာကြိုရတာလဲ.."

ဆူတယ်လို့ထင်ရပေမဲ့ တကယ်တော့ စိတ်ပူပေးနေရှာတဲ့ yunxi ကို ကြည့်ပြီး feiyu က ပြုံးလိုက်မိတယ်..
တွေ့ကထဲက ပွစိပွစိလုပ်နေတဲ့ အဲ့နှုတ်ခမ်းပါးပါးလေးကို သူကပိတ်သွားအောင်နမ်းပြစ်လိုက်ချင်တော့တယ်..

"ဘာမှမဖြစ်ပါဘူးဗျာ..ကျွန်တော် ကိုကို့ကို လာကြိုချင်လို့ပါ၊ ရောက်တာက ကိုကို အလုပ်ကိုထွက်သွားပြီးတော့ ကျွန်တော်ရောက်လာတာပဲ..​ ကြိုမပြောတာက ကိုကို အံသြသွားအောင်လို့.."

yunxiက တစ်လမ်းလုံး feiyuကို ဟိုကအကြောင်းတွေ အများကြီးမေးမြန်းနေပြီး၊ feiyu ကလည်း
အငြီးငြူပဲ သေချာအသေးစိတ် ရှင်းပြရှာတယ်..

"ရေချိုးပြီး အခန်းထဲမှာ ခဏနားလိုက်အုန်း၊ အန်တီ su ကို feiyu လေးကြိုက်တဲ့ ဟင်းတွေ ချက်ခိုင်းထားလိုက်မယ်..ပြီးရင် အတူတူစားကြတာပေါ့.."

Melodrama[ FeiYunXi ]<Rebirth>[completed]Donde viven las historias. Descúbrelo ahora