||16||

1.8K 212 18
                                    

[U]

Chen feiyu က gay လား? ဆိုတဲ့ host search ထဲက မေးခွန်းတွေကို သူက ငြင်းဆန်ခဲ့တယ်။သူ မgayဘူး။သူ့အချစ်က Luo yunxi ဆိုတဲ့ ယောကျ်ားတစ်ယောက်အတွက်ပဲ ဖြစ်တည်တာ။အကယ်၍များ luo yunxi ကို ကြိုက်လို့ မင်းက gay ပါလို့ သတ်မှတ်လိုက်ရင်လည်း၊ ကောင်းပြီ ငါကတစ်မျက်နှာထဲကြည့်တဲ့ တစ်ဦးထဲပိုင်gay ပဲ။မင်းဘာပြောချင်သေးသလဲ?
သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကတော့ feiyu က တိတိကျကျထုတ်ပြန်ထားတာမရှိခဲ့ဘူး။

စာကြည့်ခန်းက ဆိုဖာပေါ်မှာ လူကောင်ကြီးသည့် feiyu က yunxi ကို သူ့ရင်ခွင်မြှပ်ကာ ထိုင်ခိုင်းထားသည်။ဘာသာပြန်စာအုပ်တွေဖတ်ပြီး၊
feiyu ကျွေးသမျှ အသီးတွေစားရင် yunxi က ဇိမ်ကျလို့နေတယ်။

"ဘာစားအုန်းမလဲ..."

"လိမ္မော်သီး...."

စာအုပ်မှ မျက်လုံးပင်မလွှဲပဲ အဖြေပေးလာတဲ့ yunxi ကိုကြည့်ကာ အသက်မရှိတဲ့ စာအုပ်ကိုပဲ feiyu က ရှာလကာမြိုချနေရသည်။

အာ....

"အား...အား...."

ပါးစပ်လေးဟပြီး အသီးခွံ့ဖို့တောင်းဆိုနေတဲ့ ပါးစပ်သေးသေးလေးကို အသီးအစားလက်ညိုးထည့်လိုက်တော့ အားပါးတရ ကိုက်ချလာတာကြောင့် feiyu မှာ အော်ရတော့သည်။

"လူဆိုးလေးပဲ သိရဲ့သားနဲ့ကိုက်တယ်၊ကြည့်ပါအုန်း သွေးထွက်နေပြီ..."

"ဟွန့်....မင်းက လာစနေတာကို.."

သူ့ကိုမျက်စောင်းထိုးပြီး၊ နှုတ်ခမ်းဆူကာ ပြန်ပြောပေမဲ့ သူ့လက်ကိုတော့ ဖွဖွလေးအနမ်းပေးရှာသည်။

"အုံဖွ...အနမ်းနဲ့ကုလိုက်ပြီ၊ဟော ကြည့်ကြည့် ချက်ခြင်းပျောက်သွားပြီ"

သွားဖွေးဖွေးလေးတွေပေါ်အောင်ပြုံးပြနေသည့် luo yunxi ကို အသဲယားလွန်းလို့ ဖျစ်ညှစ်ပြစ်လိုက်ချင်သည်။ထိခိုက်မိပြီးကတည်းက feiyu က yunxi အလုပ်တွေကို ခေတ္တရပ်တန့်စေလိုက်ပြီး၊ သူ့အနားမှာပဲ အချိန်ပြည့်ထားကာ ရှိနေစေသည်။အရင်က သူ့အနားက နှစ်နဲ့ချီပြီး ထွက်ပြေးခဲ့တဲ့ ဒီလူက အခုတော့ သူမဟုတ်သလိုပဲ သူ့အနားမှာ တောက်တဲ့လိုကပ်ကာ၊
တစ်ခါရံ ချွဲတက်သေးသည်။

Melodrama[ FeiYunXi ]<Rebirth>[completed]Where stories live. Discover now