||13||

1.7K 236 21
                                    

[U]

luo yunxi က အတော်ကြီးကို သည်းခံနေတာဖြစ်တယ်။ကလေးတုန်းကထက်တောင် ပိုပြီးကပ်တွယ်လာတဲ့ ဒီကောင်လေးကို ဇာတ်လိုက်ဆိုတဲ့ စိတ်ကြောင့်ရော၊ သူ့စိတ်ကပါ ဝေးဝေးမသွားနိုင်တာကြောင့် လျစ်လျူရှူ့ထားရတယ်။

ကျောင်းက ပွဲတော်များကြောင့် ပိတ်ထားသည်ဟု ဆိုကာ သူ့ရုံးခန်းထဲမှာ တစ်နေ့လုံးထိုင်စောင့်
နေတဲ့ chen feiyu ကို yunxi က အလုပ်လုပ်ရင်း
ခိုးခိုးကြည့်နေသည်။

"yunxi နေ့လည်စာ စားချိန်ရောက်နေပြီလေ..
အရင်ကလည်း အခုလိုအချိန်နောက်ကျမှစားတာလား..ရောဂါဖြစ်မယ်လေ..ခင်ဗျားတစ်ခုခုဖြစ်ရင် ကျွန်တော်ရင်ကျိုးရချည်ရဲ့..."

yunxi က ဘာမှပြန်မပြောပဲ မျက်လုံးကိုသာ လှည့်လိုက်သည်။

"လာ သွားစားမယ်.."

"ခဏလေး ခင်ဗျား အမောပြေအောင်လုပ်ပေးမယ်..."

အနားရောက်လာတဲ့ yunxi ကို feiyuက ခါးသိမ်သိမ်လေးကနေ သူ့ရဲ့လက်အကြီးကြီးနဲ့သိုင်းဖက်ကာ လှမ်းဆွဲလိုက်သည်။

"ဘာ..ဘာလုပ်တာလဲ...feiyu ငါ့ကို အွမ်း..."

yunxi ရဲ့စကားမဆုံးခင်မှာပင် လူငယ်လေးရဲ့အနမ်းခံလိုက်ရသည်။ဝင်ခွင့်မပေးတဲ့ နှုတ်ခမ်းလေးကို ဖွဖွကိုက်လိုက်ချိန်မှာ yunxi က အလန့်တကြားနဲ့ဖွင့်ဟလိုက်မိပြီး၊ ထိုအခွင့်အရေးကို feiyu က ကောင်းကောင်းအသုံးချကာ လျှာဖျားလေးတိုးဝင်ကာ ရစ်ပတ်လို့လာသည်။ကျွမ်းကျင်လွန်းတဲ့အနမ်းတွေကြားမှာ yunxi က ကောင်းကောင်းမရပ်နိုင်တော့ပဲ ခြေထောက်တွေ ခွေကျလို့လာတယ်။သူ့ကို တင်းတင်းကျပ်ကျပ်ပွေ့ကာ ထိန်းထားတဲ့ feiyu ရဲ့ ရင်ခွင်ကျယ်ကြီးကို အသက်ရှူခက်လာတဲ့ yunxi က လက်လှလှလေးတွေနဲ့ထုရိုက်ကာ လွှတ်ပေးရန် အချက်ပြသည်။နှုတ်ခမ်းနှစ်ခုခွာလိုက်ချိန်မှာ ငွေမျှင်ရောင်အတန်းလေးက ချိန်ဆက်လို့နေကာ yunxi ရဲ့နှုတ်ခမ်းရဲရဲလေးကို feiyu က တစ်ချက်လျှက်ကာ အဆုံးသက်လိုက်သည်။

အခုထိ ခေါင်းလေးမော့ကာ အသက်လုရှူနေရတဲ့ yunxi ကို feiyu က ပြုံးကာ ကြည့်လို့နေတယ်။

"မင်းပြောတော့ ငါ့ကို မထိသေးဘူးဆို.."

မျက်နှာလေးရဲကာ ရန်ပြန်တွေ့နေတဲ့ yunxi မျက်နှာလေးကို feiyu က မြတ်နိုးစွာကြည့်ကာ
နူးနူးညံ့ညံ့လေး ပြုံးလို့နေသည်။yunxi က အခု
ထိ ရင်နေခုန်နေတုန်းပဲ။ယခုအချိန်မှာ အသက်၂၀ကေျာ်အရွယ် ခန္ဓာကိုယ်လေးဆိုပေမဲ့ သူ့ဝိညာဥ်က ၃၀ ကျော် နေပြီဖြစ်သည်။
အရင်ဘဝမှာ ရည်းစားပင်မထားဘူးသလို၊ သူ့ရဲ့မျက်နှာထားကြောင့် ယခုလို ရိသဲ့သဲ့လုပ်မဲ့လူလည်းမရှိခဲ့ပါ။

Melodrama[ FeiYunXi ]<Rebirth>[completed]Donde viven las historias. Descúbrelo ahora