||15||

1.8K 241 29
                                    

[U]

နဂိုအကျီပြန်လဲပြီးထွက်လာချိန်မှာတော့ studio ခန်းက ပြောင်းလဲပြီးသွားပြီဖြစ်သည်။ interview မည့် သက်လတ်ပိုင်းအရွယ်လူက အစဥ်သင့်စောင့်လို့နေပြီး ၊ chen feiyu ကပါ သူ့ထက်အရင်ရောက်နေပြီဖြစ်သည်။yunxi က အကွာအဝေးခြားပြီးထိုင်လိုက်ပေမဲ့၊ feiyu က
အနားကပ်လာတယ်။သူ့မှာထပ်ပြီး ဆိုဖာအစွန်းကို တိုးစရာနေရာမရှိတော့ဘူး။

မတိုင်ခင်က ပြထားတဲ့မေးခွန်းတွေထဲက အတိုင်းပဲ နှစ်ဦးစလုံးရဲ့ ရိုက်ပြီးသား ဇာတ်ကား
အချို့နဲ့ နောက်ရိုက်မဲ့ ဇာတ်လမ်းအချို့ကို မေးအပြီးမှာတော့ ထင်သည့်အတိုင်းပဲ ဇာတ်ညွှန်းထဲမပါသည့် အချစ်အကြောင်းများ မေးတော့သည်။

"yunxi မင်းက အခုဆို အသက်၃၀လည်း နည်းနည်းလေးစွန်းလာခဲ့ပြီ ဆိုတော့ မင်းမှာ ရည်ရွယ်ထားတဲ့လူတွေများရှိနေပြီလား..မင်းရဲ့ fan တွေကိုချပြတော့မှာလား..."

"ဟင့်အင်း..ကျွန်တော့်မှာတစ်ယောက်မှမရှိပါဘူး၊ကျွန်တော့်ရဲ့ အနုပညာလုပ်ငန်းတွေနဲ့မအားလပ်လို့ ကျွန်တော့်မှာ Date ဖို့အချိန်တောင် ရှိမနေပါဘူးဗျာ..."

yunxi က ပြုံးပြုံးလေးနဲ့ အရင် interview တွေအတိုင်း တစ်သွေမသိမ်းဖြေသည်။yunxi ရဲ့
အဖြေကြောင့် ဘေးကလူတစ်ယောက်ကတော့ အပြုံးကြီးကြီးပြုံးနေသည်။

"ဒါဆို အချိန်ရရင်တော့ Date ဖို့ ရှိတယ်ပေါ့..yunxi က ကိုယ့်ထက်ငယ်တာကြိုက်လား၊
ကိုယ့်ကိုလမ်းပြပေးနိုင်မဲ့ အသက်ကြီးတဲ့ လူကို
ကြိုက်တာလား..."

မေးမြန်းသူက yunxi ရဲ့ အိမ်ထောင်ဖက်ကို အမျိုးသမီးဆိုတဲ့ အသုံးအနှုန်းကို ရှောင်ဖယ်လို့သွားတယ်။မတိုင်ခင်က ရိုက်ခဲ့တဲ့ သို့လောသို့လော ဓာတ်ပုံတွေနဲ့ ပက်သက်ပြီး ပရိသတ်ကို လှည့်စားချင်တာကြောင့်ရော၊ Magazin ရောင်းအားကို တိုးချင်တာကြောင့်လဲ ပါဝင်လိမ့်မယ်။

အခုနောက်ပိုင်းတွေမှာ ဇာတ်လမ်းကြည့်ရှူသူအမျိုးသမီးတွေက အရင်လို ဇာတ်ကားပဲ ကြည့်တာမဟုတ်တော့ပဲ ၊ တစ်ခါတစ်ရံဆိုရင် ဇာတ်ကားထဲက အဓိကမင်းသားနဲ့ဒုတိယ မင်းသားကို ship ​ပြီး cp name တွေ ဖန်တီးထားတဲ့ အဖွဲ့သက်သက်လည်းရှိသေးသည်။
သေချာတာပေါ့ ဒီထဲမှာ yunxi ကလည်း ပြေးမလွတ်ခဲ့ပါဘူး။နောက်ဆုံးရိုက်ခဲ့တဲ့ ဇာတ်ကားမှာ သူရယ် ဒုတိယမင်းသားရယ်က အရမ်းကိုရင်းနှီးတဲ့ ညီအကိုဆက်ဆံရေးရှိပြီး၊ ဒုတိယဇာတ်လိုက်က မင်းသမီးကို အဓိကမင်းသားက သဘောကျနေကြောင်းရိပ်မိသွားချိန်မှာ တစ်ချိန်လုံးကူညီပေးခဲ့ပြီး၊ ဇာတ်လိုက်နဲ့ ကောင်းအတူ၊ဆိုးအတူမျှဝေပေးကာ ၊ နောက်ဆုံးတွင် မင်းသားမင်းသမီးပေါင်းဖတ်သွားချိန်၌ ဒုတိယမင်းသားက ဇာတ်လိုက်ကို ဆွေးဆွေးမြေ့မြေ့ကြည့်ကာ
အဝေးသို့ထာဝရထွက်သွားခဲ့သည်။ဇာတ်ကားထွက်လာချိန်မှာ အဓိက ဇာတ်လိုက်နှစ်ယောက်ထပ်၊ ဇာတ်လိုက်နဲ့ဒုမင်းသားတို့က cp fan က ပိုများနေခဲ့သည်။တစ်နှစ်အတွင်း လူကြိုက်အများဆုံး CP list တွင်လည်း တတိယနေရာရောက်ခဲ့သေးသည်။

Melodrama[ FeiYunXi ]<Rebirth>[completed]Dove le storie prendono vita. Scoprilo ora