||7||

1.9K 250 16
                                    

[U]

ရက်အနည်းငယ်အတွင်းမှာပဲ သူ့ရဲ့ ရုပ်အသေအချာမမြင်ရတဲ့ viedo နှစ်ခုက weibo မှာ အတော်လေးကို နာမည်ကြီးလာခဲ့တယ်..
လူသစ်တစ်ယောက်အတွက် host search 30 အတွင်းမှာ ဝင်နေခဲ့တာက အကြီးဆုံး အောင်မြင်မှုပါပဲ..

တစ်ချို့ နာမည်အနည်းငယ်ရှိတဲ့ music show(news) တွေမှာအမည်မသိ အဆိုတော်လေးကို mention ခေါ်ခြင်းတွေ ပြုလုပ်လာကြတယ်..

ဒီအချိန်မှာ yunxi ကတော့ အစည်းအဝေးခန်းထဲမှာ အသက်ကြီးကြီး ဘုတ်အဖွဲ့ဝင်အချို့နဲ့ တိုက်ပွဲတစ်ခုဖြစ်ပွားလို့နေတယ်..
ဒါက တစ်ဖက်သတ် ထိုးစစ်လို့ပဲ ပြောရင်ပိုမှန်လိမ့်မယ်..
ရက်ပိုင်းအတွင်းမှာ Company ရဲ့ လုပ်ငန်းအဝ ဝကို သူက နားလည်နိုင်အောင် လုပ်နိုင်မှာ မဟုတ်ဘူးဆိုတဲ့ အထင်သေးတဲ့ယူဆချက်တွေနဲ့ တစ်ဖတ်သတ်တွန်းအားပေးနေတဲ့ ဦးလေး တို့ရဲ့ဘက်တော်သားတွေက အစည်းအဝေးခန်းထိပ်ဆုံးက ငြိမ်ငြိမ်လေးထိုင်နေတဲ့ luo yunxi ကို ဖိအားပေးရန်ကြိုးစားနေကြတယ်..

ယခုအချိန်အထိ တစ်ခွန်းတစ်စမှ ဝင်ရောက်ပြောဆိုခြင်းမရှိတဲ့ yunxi ကိုကြည့်ကာ၊ ေအာင်နိုင်သူအပြုံးနဲ့ ဦးလေးဖြစ်သူက ပြုံးနေပြန်တယ်..

ဒေါက် ဒေါက် ဒေါက်

ဆူညံနေတဲ့ ငြင်းခုံသံတွေက အစည်းအဝေးစားပွဲခုံပေါ်မှာ တတောက်တောက်ခေါက်နေတဲ့ လက်ချောင်းရှည်ရှည်လေးများထံမှ လျှံကျလာတဲ့ အသံတိုးတိုးကြောင့် ရုတ်ချည်းတိတ်ဆိတ်လို့သွားတယ်..

"ကျွန်တော်ထင်တယ်...."

နုနယ်တဲ့ရုပ်ကလေးနဲ့မလိုက်ဖက်အောင် အေးစက်မာကျောနေတဲ့ အသံက တစ်လုံးခြင်းပျက်သားစွာ ထွက်ပေါ်လို့လာတယ်..
ဘာမှန်းမသိရသေးတဲ့ အနာဂတ်က လူငယ်လေးရဲ့ စကားအပေါ်မှာ မှီခိုနေရသလိုပဲ၊ ထိုလူငယ်လေး ဆက်ပြောလာမဲ့စကားကို ရင်တစ်ထိပ်ထိပ်နဲ့စောင့်နေမိကြတယ်..

"Mr. Xiao,Mr. Linn နဲ့ Mr. Gu တို့က အသက်ကြီးတော့ အလုပ်လုပ်ရတာ ပင်ပန်းလာပုံပဲ"

ပြုံးပြုံးလေးနဲ့ စကားအဆုံးသတ်သွားသူအား နာမည်အခေါ်ခံရသူ ၃ဦးက ရှုတ်ထွေးတဲ့ အကြည့်များဖြင့် ကြည့်လိုက်သည်..
အသက်ကြီးတယ်...အလုပ်လုပ်ရတာ ပင်ပန်းတယ် ဘာတွေလဲ? တစ်ယောက်ယောက် ငါတို့ကို လာပြီး ရှင်းပြစမ်းပါ..
ဒီကောင်လေးက ဘာအဓိပ္ပယ်မရှိတာတွေပြောနေတာလဲ..
အရင်က အလေလိုက်ခဲ့လို့ အခုချိန်မှာ ကုမ္မဏီကို မစီမံနိုင်ဘူးဆိုရင်လဲပြောလေ ဒီအဘိုးကြီးတွေက ထိန်းချုပ်ပေး​မှာပေါ့ကွ ဟားဟားဟား..

Melodrama[ FeiYunXi ]<Rebirth>[completed]Where stories live. Discover now