||18||

1.5K 181 19
                                    

[U]

ထွက်သွားချင်ရင် ဘယ်အချိန်ဖြစ်ဖြစ် ထွက်သွားလို့ရပြီး၊ ပြန်လာချင်ရင် ဘယ်အချိန်ဖြစ်ဖြစ် ပြန်လာလို့ရတယ်။

အရင်ဘဝရော၊ အခုရော အတူတူပါပဲ။ဂရုစိုက်မှုကို လိုချင်နေပေမဲ့ တစ်ယောက်ထဲရှိနေတာဆိုတော့ အထီးကျန်နေတာမျိုးပါပဲ။ဘာကြောင့်များ ဒီအကွာအဝေးမှ မဟုတ်ရင် ထပ်ပြီး မနီးစပ်နိုင်တော့ဘူးလို့ ထင်ရလောက်အောင်အထိ ခင်ဗျားက ထွက်ပြေးနေခဲ့တာလဲ။

အလုပ်စားပွဲပေါ်မှာ ရှု့ထောင့်အမျိုးမျိုးက ရိုက်ကူးထားတဲ့ လူတစ်ယောက်ထဲရဲ့ ဓာတ်ပုံ
တွေက များစွာ ပျံ့ကျဲလို့နေသည်။အနီးကပ်ဆွဲယူရိုက်ကူးထားတဲ့ ပြုံးရယ်နေသူရဲ့ ပုံကို ရိုက်ကူးထားသည့်ပုံအား ဆုပ်ကိုင်ထားသည့်
နောက်မှီထိုင်ခုံထပ်က chen feiyu ၏ ပုံက
ဒီအတောအတွင်းမှာ အတော့်ကို ပိန်ကျလို့သွားတယ်။

ခင်ဗျားစိတ်ကြိုက် ပျော်ပါးခွင့်ပေးထားပြီးပြီပဲ။ဘယ်အချိန်မှ ခင်ဗျားက ပြန်လာနိုင်မှာလဲ။ကြောက်ဖို့အကောင်းဆုံးက ခင်ဗျားတစ်ယောက် ကျွန်တော့်ကို သတိတောင်ရပါ့မလားဆိုတဲ့ ရူးကြောင်ကြောင်အတွေးတွေပါပဲ။

တော်လောက်ပြီ yunxi, မင်း ကိုယ့်အနား ပြန်လာသင့်ပြီ။

ဓာတ်ပုံအားလုံးကို သိမ်းကြုံးပြီး၊ အလားတူပုံများ သိမ်းစည်းထားရာ အံဆွဲထဲသို့ ကူးပြောင်း
သိမ်းစည်းလိုက်ပြီး၊ အတွင်းရေးမှူးအား ခေါ်လိုက်သည်။

"ဒါရိုက်ဘာနင် အဆင်သင့်ဖြစ်ပြီလား..သွားမယ်..."

"ဟုတ်ကဲ့ boss"

ဒီတစ်ခါတော့ မင်းကို သော့ခတ်ပြီး အပိုင်သိမ်းထားပြစ်မယ် yunxi။ကိုယ်တစ်ကယ်ပြောတာ။

.....

လူနှစ်ဦးက ကမ်းပါးထက်မှာ ခုံနှစ်လုံးနဲ့ အကျအနထိုင်နေတယ်။ပုံးတစ်လုံးစီနဲ့ ထို
သူတို့ရှေ့မှ ရေထဲကျနေသည့် ငါးမျှားချိတ်အား
ကြည့်ခြင်းဖြင့် အေးဆေးသက်သာစွာ ငါးမျှားနေကြောင်း သိသာစေသည်။

'host..'

yunxi က ခါတိုင်းလိုပဲ မသိချင်ယောင်ဆောင်ထားသည်။system က အမြဲတမ်း Feiyu နား
ပြန်ဖို့ အမြဲတမ်း တိုက်တွန်းနေခဲ့ပြီး၊ တစ်ခါတစ်လေမှာလဲ ခြိမ်းခြောက်တက်သေးသည်။သို့သော် yunxi က တုပ်တုပ်ပင်မလှုပ်။ System ရဲ့ ပြောပြချက်အရ feiyu က Fနိုင်ငံရှိ သူတို့မိဘများနှင့် ပြန့လည်တွေ့ဆုံပြီးသွားပြီ ဖြစ်ကြောင်းသိရှိခဲ့ရသည်။သူတို့နှစ်ဦးအကြောင်းများမှလွဲ၍ အရင်စာအုပ်ထဲက အတိုင်း ၊ အစဥ်လိုက်ဖြစ်ပျက်နေခဲ့သည်။

Melodrama[ FeiYunXi ]<Rebirth>[completed]Where stories live. Discover now