||1||

3.2K 355 21
                                    

<U>

တစ်ကိုယ်လုံးအားအင် ချိနဲ့စွာနဲ့ သူနိုးထလာခဲ့တယ်..
မျက်လုံးတွေက အလင်းနဲ့ ကျင့်သားရချိန်မှာ အခန်းတွင်းအခြေအနေက ရင်းနှီးမနေတာ ခံစားလိုက်ရတယ်..
သူလှဲအိပ်နေတဲ့ အိပ်ယာဖြူဖြူက TV ထဲမှာမြင်ဖူးနေကြ လူချမ်းသာတွေရဲ့ အိပ်ယာကြီးလိုပဲ ကြီးမားပြီး၊သူ့ဖင်လေးတောင် အိစက်တဲ့မွေ့ယာထဲ နစ်မြှပ်လို့နေတယ်..

အိပ်ခန်းက သူ့နေထိုင်ရာတိုက်ခန်းတစ်ခုစာထက်ပိုတောင်ကြီးမားနေသေးတယ်..
လူတစ်ရပ်စာမှန်ကြီးတွေကို မိုးပြာရောင်လိုက်ကာ အရှည်ကြီးနဲ့ပိတ်ကာထားပြီး၊တစ်ခန်းလုံး အဖြူရောင်နံရံကပ်စက္ကူနဲ့သာ အလှဆင်ထားတယ်..
အခန်းထောင့်မှာ ဆိုဖာအကြီးကြီးတစ်ခုရှိပြီး၊ ဒါသူအရင်အိမ်က အိပ်ယာနီးနီးလောက်ပဲ..

'ကလစ်´

Lavender ရနံ့သင်းနေတဲ့ အိပ်ခန်းအကျယ်ကြီးကို မျက်စိကစားနေတုန်းမှာပဲ အခန်းတံခါးဖွင့်ပြီး၊အခန်းထဲကို အသက်၅၀လောက်ရှိတဲ့ ဦးလေးကြီးတစ်ယောက် ဝင်လာတယ်..
ထိုဦးလေးကြီးက ကုတင်ပေါ်က သူကိုတွေ့ချိန်မှာ အံ့သြထိပ်လန့်သွားတဲ့ မျက်နှာထားနဲ့အတူ မျက်ရည်တွေစီးကျပြီး သူ့အနားကို တိုးကပ်လာတယ်...

"မသေကောင်း၊မပျောက်ကောင်း သခင်လေးရယ်...သခင်လေးသာ တစ်ခုခုဖြစ်သွားရင် ဒီလူကြီးက ဘယ်လိုမျက်နှာမျိုးနဲ့ အသက်ဆက်ရှင်ရမှာတဲ့လည်း..ထပ်ပြီးတော့ ကျွန်တော်တို့ကို မခြောက်လန့်ပါနဲ့တော့နော်..."

ကျယ်လောင်တဲ့ ငိုသံကြီးကြောင့် yunxi ခေါင်းပင် ကိုက်ချင်သွားသည်..
ကျယ်လောင်လှတဲ့ ထိုငိုသံကြီးကြောင့် ထင်သည် ဂျပန် anime ထဲကလို အဖြူအနက် အစေခံအဝတ်အစားလေးတွေနဲ့ မိန်းကလေးချောချာ ငါးယောက်က အခန်းထဲပြေးဝင်လာတယ်..
သူ့ကိုတွေ့ပြီး မကြာခင်မှာပဲ သူတို့လည်း တအိအိနဲ့ ငိုကြွေးလာတာကြောင့် yunxi ဒီနေရာကနေ အမြန်ဆုံးနည်းနဲ့ ထွက်ပါပြေးချင်သွားသည်..
မသိရင် သူသေ သွားတဲ့အတိုင်းပဲ ငိုနေကြတာ..

"တော်ပြီ တော်ပြီ သခင်လေးက အခုမှ ပြန်နိုးလာတာ စိတ်အနှောက်အယှက်ပေးမနေကြနဲ့တော့ သွားသွား ကိုယ့်အလုပ်ကိုယ်သွားလုပ်ကြတော့..."

Melodrama[ FeiYunXi ]&lt;Rebirth&gt;[completed]Wo Geschichten leben. Entdecke jetzt