||17.1||

1.6K 183 2
                                    

[U]

ဒီကနေ့မှာတော့ yunxi အတိတ်မေ့ပြီးကတည်းက အပြင်ပြန်ထွက်လာရတဲ့ ပထမဆုံးနေ့ပဲ။feiyu နဲ့အတူ သူက ကုမ္မဏီကို လိုက်သွားခဲ့ပြီး လမ်းတစ်လျောက်က ဝန်ထမ်းတွေဆီက သူ့ကို ကြောက်ရွံ့မှုတွေကို ခံစားခဲ့ရတယ်။

ငါအရင်က စကြမ်းကြီးများလား။

yunxi က feiyu ဘေးက လိုက်ပါနေစဥ်မှာပဲ System ရဲ့ ရှင်းပြချက်တွေကို နားထောင်နေရတယ်။

"ပေါင်ပေ့ ဒီမှာ ခဏထိုင်နေအုန်း၊ ကိုယ် စရင်းတွေစစ်အုန်းမယ်..အကယ်၍ပျင်းရင် မန်နေဂျာ
ကျောင်းကို ခေါ်ပေးမယ်...သူနဲ့ ကုမ္မဏီကို လိုက်ပတ်ကြည့်လို့ရတယ်..."

yunxi က ceo ရုံခန်းထဲက ဆိုဖာပေါ်မှာ ကျကျနနထိုင်သည်။

"ဟင့်အင်း ရတယ်၊ ငါဒီမှာပဲ မင်းကို ထိုင်ကြည့်နေမယ်..."

feiyu က yunxi အဖြေကို သဘောကျလွန်းလို့
ပါးလေးကို ဖွဖွဆွဲ ပြီးမှ အလုပ်စလုပ်တယ်။yunxi ကလည်း ပြောတဲ့အတိုင်းပဲ ငြိမ်ငြိမ်လေး
ထိုင်ပြီး၊ feiyu ကို ထိုင်ကြည့်နေတယ်။ပြီးတဲ့နောက်မှာတော့ စားပွဲပေါ်က သူ့အတွက်တင်ပေးထားတဲ့ ipad ကိုကိုင်ပြီး ဂိမ်းဆော့တော့တယ်။
သူဆော့နေတာ ဘယ်လောက်ကြာသွားပြီလည်းတောင် မသိတော့ဘူး၊ feiyu က နေ့လည်စာ စားဖို့ လာခေါ်မှ လက်ထဲက ချနိုင်တယ်။

"ပြောတော့ ကိုယ့်ကိုထိုင်ကြည့်နေမယ်ဆို အခုကြတော့ ဂိမ်းထိုင်ဆော့နေတာ တမေ့တမော့ပဲ.."

"ဟီးဟီး...ငါလည်း ဒီအတိုင်း ခဏလေး၊နည်းနည်းလေးထိကြည့်တာ သူက ဆွဲဆောင်သွားလို့..ငါက မင်းကိုကြည့်ချင်တာပါနော်.."

"ဟမ်း...အတက်လေး"

feiyu က yunxi နှာခေါင်းထိပ်လေးကို ခပ်ဖွဖွညစ်ဆွဲပြီး၊ ချစ်စနိုးနဲ့ စနောက်နေတယ်။

"လာ..နေ့လည်စာ သွားစားရအောင်.."

feiyu က အနီးနားက hotpot ဆိုင်တစ်ဆိုင်မှာပဲ yunxi ကို လိုက်ကြွေးသည်။တစ်ချိန်လုံး သူစားဖို့ပင် မေ့လျော့နေပြီး၊ yunxi အကြိုက်များကိုသာ အစအဆုံးလုပ်ပေးခဲ့ပြီး၊ yunxi ဗိုက်ဝသွားမှ သူစားသည်။

နေ့လည်စာ စားပြီးနောက် နှစ်ဦးသား ကုမ္မဏီကို
ပြန်လာကြပြီး၊ feiyu က ပြန်လည်ပြုပြင်ထားသည့် ceo အခန်းထဲက အိပ်ခန်းထဲမှာ ခဏအိပ်စက် အနားယူစေသည်။yunxi က အစားစားပြီးနောက်မှာ နှစ်နှစ်ခြိုက်ခြိုက်ကို အိပ်ပျော်သွားခဲ့သည်။

Melodrama[ FeiYunXi ]<Rebirth>[completed]Where stories live. Discover now