||17.2||

1.5K 186 10
                                    

[U]

yunxi ဆေးရုံက ဆင်းလာပြီးကတည်းက ဒီရက်ပိုင်းတွေမှာ ခြေချုပ်မိလို့နေသည်။အိမ်အပြင်က ထွားကြိုင်းတဲ့ သက်တော်စောင့်
ဒါစင်လိုက်နဲ့ မျက်စိတောက်ထောက်ကြည့်နေတဲ့ cctv တွေက သူ့ကို တင်းကျပ်စွာ စောင့်ကြည့်နေသည်။

feiyu က သူ့အား အိမ်ပြင်သို့ ခြေချခွင့်ပင် မပေးခဲ့ပေ။yunxi မျက်နှာကြီး မဲမှောင်နေသည်။
ဘယ်လောက်တောင် ဆိုးလိုက်သလဲ ဒီရက်တွေမှာ သူက ရှင်းပြဖို့ကြိုးစားတိုင်း System ရဲ့ နှုတ်ပိတ်ခြင်းသာ ခံနေရသည်။ထိုသို့ စကားဆက်မရတိုင်းလည်း သူ့နှုတ်ခမ်းတွေကို ရန်ရှာတက်တဲ့ feiyu ကြောင့် သူ့မှာ ထပ်ပြောဖို့ကိုပင် ထိပ်လန့်နေရသည်။

တစ်နေရာမှာထိုင်တိုင်းသူ့ကို ကြီးမားတဲ့ရင်ခွင်ထဲထည့်ထားသည်၊ ဘယ်သွားသွားအနောက်ကကပ်လိုက်သည်။ chen feiyu က သားသည်မိခင်ကြီးလိုပဲ ။သူ့ကို ပွတ်သပ်နမ်းရှိုက်နေခဲ့ပေမဲ့ အရင် အတိတ်မေ့စဥ်ကလို ပိုပြီးနီးစပ်တဲ့ထိတွေ့ခြင်းမျိုးတွေကိုတော့ မလုပ်လာတော့တာမို့ သူ့မှာ သက်ပြင်းချရသည်။

yunxi က အမြဲတမ်းထွက်ပြေးဖို့ပဲ ကြိုးစားနေခဲ့လို့ feiyu ကို မချစ်ဘူးလား ဆိုခဲ့ရင် ​ချစ်ပါသည်။သို့သော်လည်း သူက အခြားသူ၏ခန္ဓာကိုယ်နှင့် ရှင်သန်နေသည့် ဝင်ကစွပ်လေးများလိုသာဖြစ်သည်။အချိန်တန် ပြန်မပေးရသော်လည်း သူချစ်နေရသူက အစစ်အမှန်သူ့ကို ချစ်သည်မဟုတ်ခဲ့ပါ။

yunxi တွေးရင် ဝမ်းနည်းလာကာ ငိုကြွေးမိတော့သည်။ခေါင်းအုံးပေါ်တွင် မျက်ရည်စများ အိုင်ထွန်းလာသည်။

ကလစ်~~~

အခန်းတံခါးဖွင့်သံနဲ့အတူ feiyu က အခန်းထဲဝင်လာသည်။တိတ်ဆိတ်နေတာကြောင့် ထွက်ပြေးသွားပြီလား ဆိုတဲ့ စိတ်ကြောင့် ပူပန်ကာ အခန်းထဲ ပြေးအကြည့်တွင် အိပ်ယာထက်တွင် သည်းထန်စွာ ငိုကြွေးနေသည့် yunxi ကြောင့် ပိုလို့ ပူလောင်သွားရသည်။

"yunxi ဘာဖြစ်လို့လဲ..."

feiyu က ခေါင်းအုံးထဲ မျက်နှာ နှစ်ကာ ငိုကြွေးနေသည့် yunxi ကို ဆွဲယူကာ သူ့ရင်ခွင်ထဲ ထည့်ပွေ့ထားလိုက်သည်။ yunxi က သူ့ကို အဲ့လောက်တောင်မုန်းတာလား။သူနဲ့နေရတာ မကြိုက်လို့ ဒီလောက်တောင် ငိုကြွေးနေခဲ့တာတဲ့လား။ပထမဆုံးအကြိမ်အဖြစ် feiyu မျက်ရည်များ စီးကျလာသည်။နာကျင်ရလွန်းလို့ သူ့မှာ ကူကယ်ရာမဲ့နေသည်။

Melodrama[ FeiYunXi ]<Rebirth>[completed]Opowieści tętniące życiem. Odkryj je teraz