||5||

2.3K 299 64
                                    

[U]

တလက်လက်တောက်ပနေတဲ့ နေရောင်ခြည်အောက်မှာ အဖြူရောင်လက်ပျက်အပါးလေးနဲ့ luo yunxi က ကတ်ကြေးတစ်လက်ကိုင်ကာ အပင်တွေကို ပြုပြင်လို့နေသည်..
အဝါရောင်အဖူးလေးတွေနဲ့ လှပနေတဲ့ နှင်းဆီပင်က မကောင်းတဲ့အရွက်များကို ဖြတ်ထုတ်နေသည်..
အရင်ဘဝက ကုမ္ပဏီမှာ အလုပ်ကိစ္စတွေနဲ့လုံးပန်းမနေရဘူးဆိုရင် yunxi က အပင်လေးတွေစိုက်ပြီး ဘဝကိုရိုးရှင်းစွာ ဖြတ်သန်းချင်သူဖြစ်သည်..
အခုဘဝမှာတော့ သူက ဒီခြံအကျယ်ကြီးကို ကြိမ်းသေအကျိုးရှိရှိအသုံးချပြီး၊သူ သဘောကျတဲ့ ပန်းပင်တွေကိုပျိုးထောင်မည်ဖြစ်သည်..

ပန်းပင်တွေကို စိတ်ကြိုက်ပြင်စင်ပြီးချိန်တွင် yunxi က ကတ်ကြေးကို အစေခံတစ်ဦးလက်ထဲ အပ်ပြီး အိမ်ထဲပြန်ဝင်လာခဲ့သည်..
အိမ်အဝမှာတော့ ကလေးငယ်က အဖြူရောင်တပတ်လေးကိုင်ပြီး yunxi ကို စောင့်လို့နေသည်..

"သုတ်လိုက်အုန်း..."
အပူရှိန်ကြောင့် စီးကျနေတဲ့ချွေးစတွေကို feiyu က ကြည့်ကာ အလိုမကျစွာပြောလာသည်..

"ကျေးဇူး..."
Yunxi က ပြုံးကာ လက်ခံယူလိုက်သည်..
သူ့ရဲ့ ငွေထုတ်ကဒ်ကြီးကို ရက်ရက်ရောရောပေးပြီးချိန်တွင် feiyu က အရင်လိုအေးစက်စက်မဟုတ်တော့ပဲ အခန်းပြင်လဲထွက်လာပြီး၊သူ့အနားလည်း ကပ်လို့လာသည်..
အခန်းထဲပြန်ပြီး ရေချိုးရန်ပြင်နေသည့် yunxi နောက်ကို ထပ်ကျပ်မခွာ feiyu က လိုက်လို့နေသည်..
Yunxi ကတော့ ကလေးငယ်လေး သူ့အနားကပ်လေး ပိုကြိုက်လေပါပဲ..
Yunxi ရေချိုးခန်းထဲ ရေဝင်ချိုးနေချိန်မှာ feiyu က yunxi ဝတ်မဲ့ အဝတ်အစားတွေကို ထုတ်ပေးပြီး အိပ်ယာပေါ်မှာ ငြိမ်ငြိမ်လေး ထိုင်စောင့်လို့နေသည်..

ရေချိုးပြီး ပြန်ထွက်လာသည့် yunxiက  ရေစက်လက်နဲ့ အဖြူရောင်အဝတ်ကလေး ခါးအောက်သာပတ်လို့ထားသည်..
သေးသွယ်သည့်ခါးနှင့် အဖြူရောင်အသားအရည်ပေါ်က အနီရောင်ချယ်ရီသီးလေးကို ရှင်းရှင်းလင်းလင်းမြင်လိုက်ရသည့် feiyu က အသက်ပြင်းပြင်းရှူကာ မျက်နှာလွှဲလိုက်သည်..
သူ့ရဲ့ credit cardကြောင့် အပြုအမူပြောင်းသွားသည်ဟု ယုံကြည်နေသည့် yunxi က feiyu ရဲ့အခြေအနေကို ရိပ်မိခြင်းမရှိခဲ့ပါ..
Yunxi မသိခဲ့တာက feiyu သာ ခွင့်မပြုလျှင်
မွေးစားခွင့်ပင်ရလာမည် မဟုတ်ခဲ့ခြင်းဖြစ်သည်..

Melodrama[ FeiYunXi ]<Rebirth>[completed]Opowieści tętniące życiem. Odkryj je teraz