||20.1||

1.3K 168 6
                                    

[U]

"song သခင်လေးက အားလုံးဖြေရှင်းပြီးပြီလို့ပြောခဲ့ပေမဲ့ ထိခိုက်မှုတွေက မရပ်တန့်ခဲ့ပါဘူး၊ နောက်ဆုံးတစ်ခေါက် မတော်တဆမှုမှာ luo boxi ရဲ့ ညီမငယ်လေးကို သေမလိုအထိ ဖြစ်ခဲ့ပါသေးတယ်၊song သခင်ကြီး က luo boxi ကို ခေါ်တွေ့ခဲ့ပြီး၊ နောက်ဆုံးအနေနဲ့ သတိပေးခဲ့ပါတယ်။နောက်ပြီးတော့ ရွေးချယ်စရာနှစ်ခုပေးခဲ့ပါတယ်၊ song သခင်လေး နားမှာနေပြီး သူ့ညီမသေဆုံးသွားတာကို ကြည့်နေရတာရယ်၊နိုင်ငံခြားထွက်သွားပြီး song သခင်ကြီးဆီက သန်း၁ထောင် ယူခြင်း ရယ်ပါ...luo boxi က နောက်ဆုံးမှာ ဒုတိယအခွင့်အရေးကို လက်ခံခဲ့ပါတယ်၊ song သခင်လေးကလည်း သူ့အဘိုးဖွင့်ပြတဲ့ အသံသွင်းစက်က အလိမ်အညာ စကားတွေကို ယုံကြည်ပြီး luo boxi ကို မုန်းတီးနေ ပါတယ်..."

yunxi က System ပြောပြတာကို နားထောင်ပြီး သူ့ရှေက မျက်လုံးတွေမို့အစ်နေတဲ့ boxi ge ကို ကြည့်လိုက်မိတယ်။

"တောင်းပန်ပါတယ်.. ge မင်းရဲ့ ပွဲကို မတက်ပေးနိုင်လောက်တော့ဘူး..."

ပြုံးပြုံးလေးပြောနေတဲ့ boxi ge ကိုကြည့်ပြီး သူပါ ဝမ်းနည်းလာသည်၊ သူမြင်နေရတဲ့ ဒီအတောအတွင်းမှာ နှစ်ယောက်သား ဘယ်လောက်တောင် ချစ်ခဲ့ကြသလဲ။

luo boxi က အများကြီး မဖော် ပြတက်ပေမဲ့ ထိုလူကိုအများကြီးချစ်ခဲ့သည်။ရှက်တက်တဲ့ သူက
ဒီလူကို တက်သလောက်နဲ့သူ့အချစ်ကိုဖော်ပြသည်။အိပ်ယာပေါ်ရောက်ရင် ကြမ်းတမ်းတက်တဲ့ သားရဲကို သူက တစ်ချက်မငြီးငြူပဲ လိုအပ်ချိန်တိုင်း အဆင်သင့်ရှိနေပေးခဲ့သည်။မပြည့်စုံတဲ့ သူ့ဘဝကြောင့် မမှီတဲ့ပန်းကို တုံးခုလှမ်းနေရတယ်ဆိုတာ သူသိပေမဲ့ ရသလောက်အချိန်လေးမှာ ဖြည့်စည်းပေးခဲ့သည်။ထိုလူက သူ့အား ချစ်ခဲ့သည် ဆိုသော စိတ်နဲ့ပင် သူပျော်ပါသည်။

"ge အဲ့လို အရှုံးမပေးလိုက်ပါနဲ့၊ကျွန်တော် အဘိုးဆီသွား.."

"ဟင့်အင်း ဟင့်အင်း.....မကြိုးစားပါနဲ့တော့ xi ar၊ဒီလောက်နဲ့ပဲ ကျေနပ်ပါတယ်၊ ကံက ဒီလောက်ပဲ ထင်ပါတယ်၊ သူက ge ထက်ပိုပြီး
ပြည့်စုံတဲ့ လူနဲ့ပဲ ရှိသင့်တာပါ၊ သူက ဒီထက်ပိုပြီး ထိုက်တန်ပါတယ်..."

Melodrama[ FeiYunXi ]<Rebirth>[completed]Where stories live. Discover now