||8||

1.9K 248 36
                                    

[U]

အရောင်ရင့်ရင့်နဲ့တည်ငြိမ်တဲ့ လေထုရှိတဲ့ စာဖတ်ခန်းလေးရဲ့ စားပွဲထက်မှာ စာရွက်စာတန်း
များစွာဖြင့် မျက်မှန်တစ်လက်နဲ့လူငယ်က အလုပ်များလို့နေတယ်..
ခပ်လှမ်းလှမ်းက အညိုရောင်ဆိုဖာအကျယ်ကြီးပေါ်မှာတော့ ဆိုဖာထဲနေမြှပ်နေတဲ့ ဝတုတ်တုတ်
ကလေးငယ်လေးက စာလုပ်ရင်း အလုပ်လုပ်နေတဲ့လူကို ခိုးခိုးကြည့်လို့နေတယ်..

ဖြောင့်တန်းနေတဲ့ နှာခေါင်းထက် ခပ်ရို့ရို့ကလေးကျနေတဲ့ ငွေရောင်စာကြည့်မျက်မှန်ကို ရှည်လျား၊သွယ်လျှနေသည့် လက်ချောင်းလှလှလေးတွေနဲ့ ပင့်တင့်ကာ တစ်စုံတစ်ခုကို အာရုံစိုက်နေတဲ့ luoyunxi ပုံလေးက နတ်ဘုရားတွေကောင်းချီးပေးထားသည့် အလှကလေးတစ်ယောက် ကဲ့သို့ပင်ဖြစ်သည်..

အထက်အောက် ရွှေ့လျားသွားသည့် မျက်တောင်ရှည်လေးများ၊ တစ်ခါတစ်ရံ နှုတ်ခမ်းနီနီကလေးအား လျှာထိပ်နီနီလေးထုတ်ကာ သပ်လိုက်ဟန်တို့က ကြည့်နေသည့် feiyu ကိုပင် အာခေါင်ခြောက်စေသည်..

နာရီဝက်လောက်အကြာမှာတော့ စာလုပ်ပြီးသွားတဲ့ feiyu လေးက ဆိုဖာပေါ်မှာ ကွေးကွေးလေး အိပ်ပျော်လို့သွားတယ်..
လဝက်အတွင်းမှာပဲ အတော်လေးရင်းနှီးလာတဲ့ ကလေးငယ်က yunxi နဲ့ စာဖတ်ခန်းထဲမှာ အတူရှိနေတက်ပြီး yunxi ကို စောင့်ရင်း စာလုပ်ဖို့ကြိုးစားတယ်..

အစပိုင်းတော့ အိပ်မပျော်သွားအောင်ကြိုးစားထိန်းခဲ့ပေမဲ့ ၅နှစ်၆နှစ်အရွယ် ကလေးငယ်တစ်ယောက်ရဲ့ ခံနိုင်စွမ်းက အကန့်အသတ်နဲ့သာ​ ဖြစ်တာကြောင့် feiyu က အမြဲတမ်း အိပ်ပျော်သွားခဲ့တယ်..

စစချင်းတုန်းကဆို အဲ့ဒီလုပ်ရပ်အပေါ် feiyu က အရမ်းကို စိတ်ပျက်နေခဲ့ပေမဲ့ အလုပ်ပြီးသွားတဲ့
Yunxi က ကလေးငယ်ကို နိုးမှာ စိုးရိမ်တာကြောင့် ခပ်ဖွဖွပွေ့ချီကာ သူ့အခန်းထဲ သယ်ဆောင်သွားပြီး အိပ်စေတယ်..

ဒါကလည်း feiyu ရဲ့ မသိမသာ လေ့ကျင့်ပေးတဲ့ အကျင့်တစ်ခုဖြစ်တယ်..
လွန်ခဲ့တဲ့ ရက်တွေတုန်းက feiyu တစ်ယောက် အိပ်မက်ဆိုးတွေကြောင့် တစ်ယောက်ထဲ အိပ်မပျော်နိုင်ဘူးဟုဆိုကာ yunxi ရဲ့ အိပ်ခန်းရှေ့မှာ ခေါင်းအုံးလေးပိုက်ပြီး မျက်နှာငယ်လေးနဲ့ အချိန်အတော်ကြာ တံခါးမခေါက်ပဲ ရပ်နေခဲ့တယ်..
ဒါကို သိသွားတဲ့ yunxi က ကလေးငယ်အပေါ် ဘယ်လိုမှ မမာကြောနိုင်တော့ပဲ သူ့အိပ်ယာပေါ်ကို feiyu လေး တက်လာဖို့ သူကိုယ်တိုင်ပဲ ကြည်ကြည်ဖြူဖြူနဲ့ ဖိတ်ခေါ်လိုက်တော့တယ်..
အခုတော့ သူတို့နှစ်ယောက်အတွက် တစ်ကုတင်ထဲ အိပ်သည်ဆိုခြင်းက အထွေအထူးမဟုတ်တော့ပေ..

Melodrama[ FeiYunXi ]<Rebirth>[completed]Where stories live. Discover now