||6||

2.2K 281 35
                                    

[U]

အထူးအစမ်းပါပဲ..ဤတစ်ကြိမ် ကျောင်းပိတ်ရက်မှာတော့ ကလေးငယ်က
သူနဲ့အတူ လျှောက်လည်ဖို့ စတင်ပြီးတောင်း
ဆိုလို့လာတယ်..

Yunxi အတွက်ကတော့ အပျော်ကြီးပျော်ပါပဲ..
သို့ပေမဲ့လည်း မတိုင်ခင်က အချိန်တိုင်း စူးစူး
စိုက်စိုက်ကြည့်တက်တဲ့ ကလေးငယ်ကြောင့်
Yunxi က အနည်းငယ် ထိပ်လန့်နေတုန်းပါပဲ..

Yunxi အောက်ထပ်သို့ ဆင်းလာချိန်မှာ ဆိုဖာထက်တွင် ငြိမ်ငြိမ်လေးထိုင်နေတဲ့ ကလေးငယ်ကို
Feiyu ကိုတွေ့လိုက်ရသည်..
ဒူးအထပ် အသားရောင်ဘောင်းဘီတိုလေးနဲ့ အဖြူရောင် shirt ကို လည်စည်းလေးထည့်
ဝတ်ထားသည်က ပထဆုံးအကြိမ်အဖြစ် ကလေးဆန်ဆန်ဝတ်ဆင်ထားခြင်းဖြစ်သည်..

အပေါ်မှဆင်းလာသည့် yunxi ကို ယခုမှသာ တွေ့သွားသည့် feiyu က ပါးဖောင်းဖောင်းလေး
နှစ်ဖက်မို့တက်သွားအောင် ပြုံးရယ်ပြလာသည်..
လှေကားပေါ်မှ yunxi ခြေလှမ်းများပင် ရပ်တန့်လို့သွားရသည်..

တစ်ခုခုကတော့ မူမမှန်ဘူးလို့ သူ့အနေနဲ့ ခံစားနေရတယ်..
ပထမဆုံး အပြင်သွားဖို့အရင်ဆုံးတောင်းဆိုတယ်
၊နောက်ပြီး ကလေးဆန်ဆန်ဝတ်စားထားတယ်၊ ထိပ်လန့်စရာအကောင်းဆုံးအချက်ကတော့ ပေါ့ပေါ့ပါးပါးပြုံးရယ်ပြနေခဲ့တာပါပဲ..

ကလေးငယ်က သူ့စိတ်ကို yunxi အတွက် ဖွင့်ပေးဖို့ကြိုးစားလိုက်တာလား၊ ဒါမှမဟုတ် ကျားက သူ့သားကောင်ကို မသတ်ခင် ဆော့ကစားနေတာလား..
Yunxi အတွက် feiyu ဆိုတာ ဝတ္ထုဇာတ်ကောင်တစ်ယောက်ထက် ပိုပါသည်..
ဝတ္ထုတစ်ပုဒ်လုံး အဆုံးထိ သေချာမဖတ်ခဲ့ရပေမဲ့လည်း၊ သူဟာ ဝတ္ထုထဲက yunxi အစစ်မဟုတ်ခဲ့ပါပဲနဲ့ ဒီကလေးသာသာဗီလိန်လေးအပေါ်မှာ သတိကြီးကြီးထားနေမိခဲ့သည် ဆိုတာတော့ ဝန်ခံရပေလိမ့်မည်..

ပိုင်ဆိုင်လိုစိတ်၊တိုက်ခိုက်လိုစိတ်၊ရယူသိမ်းပိုက်လိုစိတ် ပြင်းထန်တဲ့၊ လျို့ဝှက်ချက်ပေါင်းများစွာ ထမ်းပိုးထားတဲ့ မာဖီးယားခေါင်းဆောင်တွေလို လူတွေကို yunxi က အမြဲတမ်း ခပ်ဝေးဝေးက ရှောင်ခဲ့သည်..
အခုတော့ဖြင့် ကောင်းလွန်းသည့်သူ့ကံကြောင့်
ဖော်ပြပါ အချက်များနဲ့တိကျစွာ တိုက်ဆိုင်သည့် ဇာတ်ကောင်နှင့်တွေ့ဆုံခဲ့ရ၍ ထိုလူ၏ခြေသလုံးပင် ဖတ်နိုင်ရန်ကြိုးစား
နေရသည်..

Melodrama[ FeiYunXi ]<Rebirth>[completed]Where stories live. Discover now