||4||

2.1K 301 16
                                    

[U]

စနေနေ့ကျောင်းပိတ်ရက်မှာတော့ ကလေးငယ်လေးက အိမ်မှာရှိနေခဲ့တယ်..
ကစားကွင်းသွားဖို့ သူ့ရဲ့လိုက်လျောပေးမှုကို ကြိမ်သေးအငြင်းခံလိုက်ရပြန်တယ်..
ဗီလိန်လေးနဲ့နီးစပ်ဖို့ သူ့ရဲ့ကြိုးစားမှုအားလုံးဟာလည်း ဗီလိန်လေးရဲ့ အသဲနှလုံးမဲ့စွာ အငြင်းခံရခြင်းတွေပဲ လှလှပပကျဆုံးခဲ့တယ်..
အခုတော့ luo yunxi က နှလုံးသားတစ်ခုလုံး ချပြလိုက်ပေမဲ့ အငြင်းခံလိုက်ရတဲ့ အချစ်ကြီးသောမိန်းမပျိုလေးရဲ့ နှလုံးသားလေးလိုပဲ နာကျင်၊ဝမ်းနည်းပြီး အကူအညီမဲ့နေခဲ့ပြီဖြစ်သည်..

အခန်းထဲရယ်၊ အခန်းထဲရယ် ၊ အခန်းထဲမှာရယ်က လွဲပြီး အပြင်ကြာကြာမထွက်တဲ့ ဒီဗီလိန်လေးကို သူ့ဖက်ပါအောင် သူကဘယ်လိုလုပ်ပြီး သွားဆွဲဆောင်ရမှာလဲ..
ကျေးဇူးပြုပြီ တစ်ယောက်ယောက်လောက် လမ်းပြပေးကြပါ...

Luo Yunxi က ခြံထဲမှာ မနက်ခင်းနေပူစာလှုံရင်း၊ကော်ဖီတစ်ခွက်နဲ့ laptop ထဲက အလုပ်ကိစ္စတွေကို စိစစ်လို့နေတယ်..
Yunxi နဲ့ ၁၀ပေလောက်ဝေးတဲ့ နေရာမှာ yunxi ကိုယ်တိုင် သိပ်မကြာခင်က ပျိုးခိုင်းထားတဲ့ အဝါရောင်နှင်းဆီတွေက ဖူးငုံစပြုနေတယ်...

ဒီကြီးမားလွန်းတဲ့ ခြံကျယ်ကြီးထဲမှာ ဗီလာ ၄လုံးရှိပြီး၊ အနောက်ဘက်အိမ်တန်းအရှည်ကြီးမှာ အိမ်ရဲ့ အစေခံတွေ နေကြတယ်..
မူလကိုယ်ရဲ့ မိဘနှစ်ပါးစလုံးက ချမ်းသာကြပြီး၊ ဒီ ဧက၂၀၀လောက်ရှိတဲ့ ဗီလာ ၄လုံးပါ အဆင့်မြင့်နေရာကြီးကို ပိုင်ဆိုင်ဖို့ သိပ်မကြိုးစားခဲ့ရဘူး..
ကျန်တဲ့ ဗီလာ ၃လုံးစလုံးက အလေအလွင့်ဖြစ်နေတာကို ကြည့်ပြီး၊ yunxi ရင်တွေတောင်နာလာတယ်..
တစ်ချို့တွေ ချမ်းသာတာ ငွေတောင်ထားစရာနေရာမရှိဘူး ဆိုတဲ့စကားကို yunxi က ဝတ္ထုထဲကူးပြောင်းလာပြီးမှ ကိုယ်တွေ့ကြုံလိုက်ရတော့တယ်...

ပထမဗီလာနဲ့ ဒုတိယ ဗီလာ ကြားမှာရှိတဲ့ ရေကူးကန်ကြီးကတောင် လူဝကြီးအယောက်၆၀လောက် ခပ်ခွာခွာနေရင်တောင် နေရာအပိုရှိနေအုန်းမယ်...
တတိယ ဗီလာနဲ့ စတုတ္ထဗီလာက ကားနဲ့သွားရတဲ့အထိ အလှမ်းဝေးတယ်..
Yunxi ဘေးက ကော်ဖီကို အရသာခံသောက်ပြီး ပြန်ချလိုက်ချိန်မှာ အဝေးကလျှောက်လာတဲ့ အိမ်တော်ထိန်း wang ကို မြင်လိုက်ရတယ်...

Melodrama[ FeiYunXi ]<Rebirth>[completed]Donde viven las historias. Descúbrelo ahora