Mrs.kim နေ့လည်စာ Jennieနှင့်အတူစားရန်အတွက် canteenမှ နေ့လည်စာယူပြီး VIP ခန်းထဲဝင်လာတော့......
ကုတင်ပေါ်တွင်ထိုင်ကာ ဆန်ပြုတ်ထိုင်စားနေသော သမီးဖြစ်သူကိုတွေ့လိုက်ရသဖြင့်.....
"Ommo ငါ့သမီးလေး ဆန်ပြုတ်တွေဘာတွေစားလို့ပါလား....... "
အရင်ကတော့ ဆန်ပြုတ်တခါခါစားဖို့အရေး မနည်းပြောရသည်မဟုတ်ပါလား ဒါတောင်မှ စားချင်မှစားတာလေ.....
အခန်းထဲရောက်မှ ထိုင်ခုံတွင်လက်ပိုက်ကာထိုင်လျှက် Jennie ဆန်ပြုတ်စားနေသည်ကို ထိုင်ကြည့်နေသော chaeyoung ကိုတွေ့လိုက်ရသဖြင့်"ယောင်းလေ...... ရောက်နေတာလား...." ဆိုတော့ chaeyoung က
သူမကိုထပြီးအရိုအသေပေးကာနှုတ်ဆက်လိုက်ပြီး"ဟုတ်ကဲ့ Jennie က ဗိုက်ဆာတယ် ဆိုလို့ ဆန်ပြုတ်လာပို့ပေးတာပါ.. ဆေးရုံအုပ်.... "
"အော်.....ကျေးဇူးပါကွယ်......."
" ဆေးရုံအုပ်လဲရောက်လာပြီဆိုတော့...
အာ့ဆိုခွင့်ပြုပါဦး........." သူနှုတ်ဆက်ပြီးအခန်းထဲမှ ထွက်ခဲ့သည်..."Omma သူကဘယ်တုန်းကရောက်တာလဲ အသစ်လား....." Jennieမေးသဖြင့် Mrs.kimက ပြုံးကာ
"ဟုတ်တယ် သမီး...... ယောင်းလေးက Aussie မှာ ကျောင်းတက်ပြီး ပြန်လာတာလေ..... အလုပ်ဝင်တာတော့မကြာသေးဘူး...... သမီးနဲ့အသိတွေလား..."
"မဟုတ်ပါဘူး......ဟိုတနေ့ကမှ တွေ့တာ ommaရဲ့....." သူမ နှုတ်ခမ်းကလေးတထော်ထော်နှင့်ဖြစ်ကြောင်းကုန်စင်ပြောပြလိုက်တော့ သူမ omma က သူမကို သဘောကျစွာပြုံးရင်း ခေါင်းတညိတ်ညိတ်နှင့်နားထောင်နေသည်.....
"ယောင်းလေးက စိတ်နှလုံးနူးညံ့တဲ့ကလေးမလေးသမီးရဲ့ အရမ်းလဲထူးချွန်တယ်.....omma တပည့်တွေထဲမှာတော့ ယောင်းလေးက အတော်ဆုံးဘဲ......" ommaက ပီတိလွှမ်းနေတဲ့ အပြုံးကလေးနှင့် သူ့တပည့်အကြောင်းကြွားနေလေရဲ့.......
"Jennလေး အသီးစားဦးမလား....omma ပန်းသီးအခွံနွှာပေးမယ်......"
"Arniee ပန်းသီးမစားချင်ဘူး..... စတော်ဘယ်ရီ ဘဲစားချင်တာ....." သူမ omma လက်မောင်းကလေးကို ဆွဲကိုင်လှုပ်ရင်းပူဆာနေသဖြင့်
"ကဲ အဲ့ဒါ ဆို ခနစောင့်..... omma သွားယူလိုက်ဦးမယ် ........" ဟုဆိုကာ canteenသို့ပြန်ထွက်သွားတေ့ာသည်
YOU ARE READING
Last Snow