Chaeyoung လိုအပ်သောဆေးများကိုယူကာ အခန်းထဲဝင်လာသည်........
ဗန်းထဲမှဆေးထိုးအပ်ကိုတွေ့တော့ သူမ ကိုယ် ကို တစ်ဖက်ခြမ်းသို့လှည့်လိုက်သည်..... သူက သူမဘေးတွင့ တင်ပါးလွှဲဝင်ထိုင်လိုက်သည်........" ချာတိတ် အကြောဆေးထိုးမယ်.... လက်ပေး.......” သူမက လက်တစ်ဖက်ကို ကမ်းပေးကာ မျက်လုံးကိုတင်းနေအောင်မှိတ်ကာ မျက်နှာကိုလွှဲထားလေသည်.....
"ကိုယ်မနာအောင်ထိုးပေးပါ့မယ် ချာတိတ်ရဲ့မကြောက်ပါနဲ့......”
ပြောပြီး သူမလက်ဖမိုးလေးကို ခပ်ဆပ်ဆပ်ကလေး ရိုက်လိုက်သည်..."အား...... ဘာလဲ..... ဆေးထိုးမှာမဟုတ်ဘူးလား လူကိုလာရိုက်နေတယ်.....”
"ထိုးပြီးပြီလေ ချာတိတ်ရဲ့.....”
"ဟင်.... မြန်လိုက်တာ....သိတောင်မသိလိုက်ဘူး......”
"မင်းကို အာရုံလွှဲလိုက်တာကိုး...., ကိုယ်ပြောပါတယ်.... မနာအောင်ထိုးပေးပါမယ်လို့.....”
"အိုး....ဒါလဲနာတာဘဲကို........ ”
"နာသွားတာလား..... ချာတိတ်... အာ့ဆိုကိုယ်လျော်ကြေးပေးရမလား....”
"အင်း.... ဘာပေးမှာလဲ......” သူမမေးနေတုန်းသူက သူမနဖူးလေးကို ငုံ့ကာနမ်းလိုက်ပြီး
"လျော်ကြေးပေးပြီးပြီနော်....... ကျေနပ်တော့.....”
သူမ က သူ့ကို မျက်စောင်းတစ်ချက်လှမ်းထိုးကာ
"အော်... လျော်ကြေးကလည်း နစ်နာသွားဦးမယ်Dr. ရယ်....” သူကခပ်ဖွဖွကလေးရီကာ.......
"ကိုယ်ဆန်ပြုတ်ပြုတ်ပေးရမလား.....”
"ဟအင်း....... ဖက်ထုပ်စားချင်တယ်....”
"အယ်...... ကိုယ်မှလုပ်မတက်တာ.... ချာတိတ်ရ..... ဆန်ပြုတ်ဘဲစားကွာ.... ဆန်ပြုတ်ကလွယ်တယ်......”
"Arnie. ..... မစားချင်ဘူးဆို..... အာ့ဆို pizza နဲ့ အားလူးကြော်ဝယ်ကျွေး....”
"နေကောင်းရင်ဝယ်ကျွေးမယ်.... ချာတိတ်ရာ.......”
"မရဘူး...... ခုဘဲ....စားချင်တာ....”
"ချာတိတ်...... မဟုတ်မှ မင်း အပြစ်ပေးခံထိချင်လို့တမင်လုပ်နေတာများလား.......” သူက ပြုံးစိစိနှင့် မေးလိုက်ကာ
ŞİMDİ OKUDUĞUN
Last Snow