"Ready ဘဲလား ချာတိတ်...” ဟုဆိုကာ လက်ကလေးကမ်းပေးနေသော သူ့ကို ကြည့်ပြီး Jennieပြုံးပြကာ သူ့လက်လေးကို ပြန်ကမ်းပေးလိုက်တော့ သူက နူးညံ့စွာဆုပ်ကိုင်လိုက်သည်....
အခန်းတံခါးကိုဖွင့်လိုက်တော့ တအိမ်လုံးမီးများကို ပိတ်ထားလေသဖြင့် အနဲငယ်မှောင်နေသည်.....လှေခါးတစ်လျှောက် ဖယောင်းတိုင်မီးများထွန်းညှိထားကာ နှင်းဆီပွင့်ဖတ်အနီလေးကိုလျှောက်လမ်းတစ်လျှောက်ကြဲထားလေသည်.
Jennie သူ့ကို လှမ်းကြည့်လိုက်တော့ သူက မျက်ခုံးများကိုမြှင့်ကာ ဘယ်လိုလဲဆိုသည့်သဘော ဖြင့်လှမ်းကြည့်လာသဖြင့်
"Woww. ..Dr. ကြီးဒါတွေဘယ်လို့ပြင်ဆင်ထားတာလဲ လှလိုက်တာ...... ”
"ဒါအစဘဲရှိသေးတယ် ချာတိတ်ရဲ့....အပြင်ထွက်ကြရအောင်...”
ခြံထဲရောက်တော့ သစ်ပင်ရိပ်တွင် ဆောက်ထားသော သုံးချောင်းထောက် တဲကလေးတစ်လုံးကိုတွေ့လိုက်ရသည်....
အပြင်မှကြည့်လျှင်အမဲရောင်ဖြစ်သော်လည်း အထဲတွင် ပိတ်စအဖြူလွလွကလေးများဖြင့် ကာရံထားကာ နှစ်ယောက်ထိုင် Sofaလေးတစ်လုံးနှင့်စားပွဲပုလေးတစ်လုံးကိုလည်းချထားသေးသည်.....ခပ်လှမ်းလှမ်းမှ မီးသွေးဖို တစ်ခုနှင့် ထမင်းစားစားပွဲတစ်လုံးနှင့်စားပွဲပေါ်တွင်ရေခဲထည့်ထားသောချိုင့်တစ်လုံးနှင့်ချိုင့်ထဲတွင်စိမ်ထားသည့် ရှန်ပိန်ပုလင်းကိုတွေ့လိုက်ရသည်
"Woww. Debak. ....Dr. ကြီး. ဒါတွေအကုန် တစ်နာရီအတွင်းစီစဥ်ထားတယ်ပေါ့လေ.....”
သူကသူမကို တဲအတွင်းသို့ခေါ်သွားကာ ဆိုဖာပေါ်တွင်ထိုင်စေလိုက်သည်.....
Jennie ဆိုဖာပေါ်တွင် ထိုင်လိုက်ပြီး တဲအတွင်းကိုသေချာကြည့်လိုက်တော့ မီးရောင်စုံလေးများချိတ်ဆွဲထားပြီး စားပွဲပေါ်တွင် လည်း ပန်းများထိုးထားသည့် ပန်းခြင်းတစ်ခြင်းကိုတွေ့လိုက်ရသည်...ထိုပန်းကို နမ်းကြည့်ရန်စိတ်ကူးပြီး ငုံ့နမ်းရန်ပြင်နေစဥ်
"ရော့.....ချာတိတ်အတွက်......”
ဟုဆိုကာ
ပန်းစည်းလေးတစ်စည်းကိုကမ်းပေးလိုက်တော့ သူမအနည်းငယ်အံ့အားသင့်သွားသည်...
နှင်းဆီရောင်စုံဖြင့် ကြယ်ပန်းကလေးများကို အလှဆင်ထားသည့်ပန်းစည်းကိုလှမ်းယူလိုက်ကာ တစ်ချက် နမ်းရှိုက်လိုက်သည်...
ပန်းရနံ့သင်းသင်းလေးကြောင့်စိတ်များပိုမို
ပေါ့ပါးကြည်လင်လာသည်
أنت تقرأ
Last Snow