"Hanna. ....Hanna. ..."
Chaeyoung လူနာမှတ်တမ်းကိုချကာ အမြန်အပြင်သို့ပြေးထွက်လာသည်....
အပြင်သို့ရောက်သည်နှင့် သူlisaဆီဖုန်းဆက်လိုက်လေတော့သည်...."Hello. ....Lisa. ....... Hanaကိုတွေ့ပြီ....."
သူ့စကားကြောင့်"ဘာ........."
"အင်း..... ငါHanaကိုတွေ့ပြီ......."
"ဘယ်မှာလဲ chaeyoungnar ငါအခုလာခဲ့မယ်......"
"အခုတော့မဖြစ်ဘူးထင်တယ် lisa ညကျရင်ငါတို့တွေ့ကြရအောင်......."
"အင်း...... ငါ့အိမ်ကိုလာခဲ့လိုက်လေ.... "
သူဖုန်းချပြီးနောက် လုပ်စရာရှိသည်များကိုဆက်လုပ်ရင်း ညနေအမြန်ရောက်ရန် ဆုတောင်းနေမိသည်....
ညနေဆေးရုံမှသူအိမ်သို့ကတိုက်ကရိုက်ပြန်ကာ ရေမိုးချိုးပြီး အဝတ်အစားလဲကာ Jennieအား ယနေ့ည ပြန်မအိပ်ဖြစ်ကြောင်းပြောပြီး lisaတိုက်ခန်းသို့ထွက်ခဲ့သည်......
Jennie သူမတို့ လက်ထပ်ပြီး၃လအတွင်း chaeyoung အပြင်တွင်မအိပ်ဖူးသဖြင့် သူမအနည်းငယ်အံ့သြမိသည်...... အကြောင်းရင်းဘာမျှပြည့်ပြည့်စုံစုံမပြောဘဲထွက်သွားသည့်အတွက်လည်းသူမဝမ်းနည်းမိသည်...
........................................................
Chaeyoung lisa တိုက်ခန်း passwordကိုသိသဖြင့် ဖွင့်ပြီးဝင်လာခဲ့သည်.....
သူ့အားထိုင်စောင့်နေသော lisaကိုတွေ့လိုက်ရတော့ သူအနီးရှိ ဆိုဖာတွင်ဝင်ထိုင်လိုက်သည်....
"Chaeyoungnar Hanaကို ဘယ်မှာပြန်တွေ့တာလဲ........." lisaက အလောတကြီးမေးလိုက်တော့
"ဆေးရုံ မှာ ပြန်တွေ့တာ သူအခု leukemiaဖြစ်နေတယ်..... "
"သူ့ကိုနင်မေးကြည့်ပြီးပြီလား....." lisaစကားကို chaeyoung ခေါင်းခါပြီးအဖြေပြန်ပေးလိုက်သည်.....
"ငါတို့တူတူရှိမှမေးတာပိုကောင်းမယ်ထင်လို့........" သူ့စကားကြောင့် lisa ထရပ်ကာ ထသွားလိုက်သည်.....
ခနအကြာ ဘီယာဘူးများကိုင်ပြီးပြန်ထွက်လာလေသည်.......ဘီယာတစ်ဘူးကိုဖောက်ကာ chaeyoung ကို ကမ်းပေးလိုက်သည်... သူကိုယ်တိုင်ကလည်း တစ်ဘူးဖောက်သောက်လိုက်ပြီး
YOU ARE READING
Last Snow