5

1.7K 151 2
                                    


အားလုံး ပြီးစီးတော့ သူမ သူ့အတွက်ဝယ်လာသော ချောကလက်ကလေး လှမ်းပေးလိုက်တော့ သူကဝမ်းသာအားရလှမ်းယူလိုက်သည်......
သူတို့ထိုင်နေကျ အပင်အောက်ရှိခုံတန်းကလေးတွင်သွားထိုင်လိုက်ကြပြီး

"ယောင်းလေး.....ဒီမှာနေရအဆင်ပြေလား......"

"ဟုတ် ပြေပါတယ်....... "

"အဖော်တွေရပြီလား......"

"အဖော်ကတစ်ယောက်ဘဲရသေးတယ်......om.ma......" သူ မရဲတရဲနှင့် ommaဟု ခေါ်လိုက်သည်.....သူမကရီပြီး သူ့ခေါင်းလေးကို ဖွလိုက်သည်...

"ယောင်းလေ ကြီးလာရင် ommaလိုမျိုးဆရာဝန်လုပ်မှာ......." Mrs.kimက

"တကယ်လား....ယောင်းလေး....."

"အင်း.........ယောင်း ommaလိုမျိုးတော်ပြီးကြင်နာတတ်တဲ့ဆရာဝန်လုပ်မှာ........" သူကပြောလိုက်တော့

"ကတိပေးမလား....ယောင်းလေး...." သူမမေးတော့ သူက လက်သန်းကလေးထောင်ပြကာ

"ကတိပေးတယ်......." ဟု ခေါင်းညိတ်ပြီးပြောလာသည်.....

"အဲ့ဒါ ဆို အတန်းထဲမှာ စာကြိုးစားရမယ်နော်...... စားကြိုးစားရင် ommaက ဆုပေးမှာ......" ဆိုတော့ သူကလက်ခုပ်ကလေးတီးလိုက်သည်....

"အမှတ်စာရင်းကို ommaကို လာပြနော်..... ဒီမှာ omma ကဒ်ယူထား.... ဖုန်းဆက်လိုက်နော်........"

သူကဒ်ကလေးကို လက်ထဲကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားလိုက်သည်...

..............................................

သူပေးထားတဲ့ကတ်ိကြောင့်စာကြိုးစားခဲ့သည်......အမှတ်စာရင်းထွက်လာတော့ တစ်တန်းလုံးမှာသူပထမ..... သူပျော်ရွှင်စွာ နှင့် ကျောင်း မြန်မြန်လွှတ်ရန်ဆုတောင်းနေမိသည်
.....

ကျောင်းလွှတ်တော့ သူအား ပြန်ရန်စောင့်နေသော lisaအား.....
"Lisa ya ငါ့ကိုမစောင့်နဲ့တော့အရင်ပြန်နှင့်လိုက်တော့ Mother ကိုပြောပေး ငါ Mrs.kimနဲ့တွေ့စရာရှိလို့လို့...."

"အင်း....အဲ့ဒါ ဆိုငါသွားပြီ.......Chaeyoungar ... အပြန်မိုးမချုပ်စေနဲ့နော်......" သူ့ရဲ့ တစ်ဦးတည်းသော သူငယ်ချင်း ဖြစ်သူ Lisaကို နှုတ်ဆက်ပြီး သူ အများသုံးတယ်လီဖုန်းသို့သွားကာ အလွတ်ရနေသော ဖုန်းကိုကောက်ခေါ်လိုက်သည်....

Last SnowWhere stories live. Discover now