နှင်းကျလာသောကြောင့် Chaeyoung Jennieအအေးမိမည်စိုးသဖြင့်
"ကိုယ်တို့ပြန်ကြရအောင်... .... ချာတိတ်....... ” သူ့စကားကိုကြားဟန်မတူ ထိုချာတိတ်က နှင်းပွင့်လေးများကို ကလေးတစ်ယောက်သဖွယ် လက်ကလေးနှင့်လိုက်ဖမ်းကာဆော့ကစားနေလေသည်.....
နှင်းများတစတစနှင့်ပိုမိုကျဆင်းလာသဖြင့်သူ ထိုင်နေရမှ ထကာ သူမအနီးသို့လျှောက်လှမ်းလာပြီး
"ချာတိတ်........... ပြန်ကြရအောင် မင်းအအေးမိလိမ့်မယ်......”"ခနလေးနေချင်သေးတယ်..... Dr. ရဲ့ နှင်းပွင့်လေးတွေကအရမ်းလှတာဘဲ Jenn ဆော့ချင်သေးတယ်......”သူမစကားကြောင့် သူပြုံးလိုက်မိပြီး သူမကိုယ်လေးကို ပွေ့ချီလိုက်သည်......
ရုတ်တရက်မို့ သူမလန့်သွားကာ သူ့လည်ပင်းလေးကို လှမ်းဖက်ပြီး သူ့ကိုမော့ကြည့်လိုက်သည်.....
သူကပွေ့ချီပြီးကားဆီသို့တစ်လှမ်းချင်းလှမ်းသွားလိုက်သည်....
ထို့နောက်သူမကိုကားပေါ်အသာအယာချပေးကာသူမကို စိုက်ကြည့်ရင်း.....
.
"ကိုယ့်စကားနားထောင်ရမယ်လို့ပြောထားတယ်လေချာတိတ်.... မင်းတော့အပြစ်ပေးခံထိတော့မှာဘဲ.....”
သူ့စကားကြောင့်သူမက ကားပေါ်တွင် က်ကလေးပိုက်ကာ နှုတ်ခမ်း ကိုစူရင်း"ဟုတ်ကဲ့ပါ နောက်ဆို Dr. ကြီး ပြောတဲ့စကားကိုနားထောင်ပါ့မယ်.......”
သူမလေး၏ ထိုအပြုအမူကြောင့်သးအသည်းယာကာ အေးလွန်းသဖြင့်နီရဲနေသည့်သူမနှာခေါင်းလေးကို ဆွဲလိုက်မိသည်...."အား...... ဘာလဲDr. ကြီးရဲ့.... နာတယ်လေ.......”
သူရီမောကာ ကားတံခါးကိုပိတ်ပေးလိုက်ပြီး မောင်းသူနေရာတွင်ဝင်ထိုင်လိုက်သည်......
ညနေစောင်းပြီဖြစ်သဖြင့် ညစာကိုအပြင်တွင်ပင်စားလိုက်ရန်စိတ်ကူးကာ
"ချာတိတ် ညစာဘာစားချင်လဲ........” သူမေးလိုက်တော့....
"အင်း........... အသား........ ဝက်သားသုံးထပ်သားကင်စားချင်တယ်......” ဆိုသဖြင့်သူက
"Ok. ........ မမလေးသဘောအတိုင်းပါ.........” ဟုဆိုကာ အသားကင်ကောင်းမည်ထင်သောဆိုင်တစ်ဆိုင်ရှေ့တွင်ရပ်လိုက်ကာ....
ESTÁS LEYENDO
Last Snow