13

1.9K 160 4
                                    

နံနက်ခင်းနေရောင်ခြည်နွေးနွေးကသူ့မျက်နှာပေါ်ဖြာကျနေသဖြင့်သူနိုးသွားသည်....... ဘေးကိုကြည့်လိုက်တော့ Jennieက ရှိမနေ....

စားပွဲပေါ်ရှိနာရီကို လှမ်းကြည့်လိုက်တော့၉နာရီရှိပြီဖြစ်သဖြင့် သူ ခါးဆန့်ကာထလိုက်သည်...... နှာခေါင်းထဲတိုးဝင်လာတဲ့ အနံ့ကြောင့်သူ
အခန်းအပြင်သို့ထွက်လာခဲ့တော့....
မီးဖိုထဲတွင်တစ်ယောက်ထဲအလုပ်ရှုပ်နေသော Jennieကိုတွေ့လိုက်ရသည်.... သူက မီးဖိုခန်းထဲဝင်ကာရေခဲသေတ္တာမှ ရေတစ်ဘူးကိုထုတ်ကာသောက်လိုက်ပြီး....

"Wooww. .. ချာတိတ် ဘာတွေချက်နေတာလဲ.......

"ဒီမှာလေ kimchi ထမင်းကြော်နဲ့ baeksuk လုပ်နေတာ....

"ဟင်...... တစ်ယောက်ထဲစျေးသွား လိုက်သေးတာလား...... ချာတိတ်ရကိုယ့်ကိုနှိုးလိုက်တာမဟုတ်ဘူး...

"စျေးကရှေ့နားလေးမှာတင်နီးနီးလေးပါ...... Jennသွားဖူးပါတယ်.... ပြီးတော့ Dr. ကြီးကိုမနှိုးရက်လို့....
သူက သူမခေါင်းကလေးကို လက်ကလေးနှင့်ပုတ်လိုက်ပြီး

"နောက်တခါ ကိုယ်မသိဘဲ လိုက်မသွားနဲ့နော်...... ကိုယ်ကတခုခုဖြစ်မှာစိုးလို့ပါကွာ....

"အင်းပါ..... Dr. ကြီး မြည်းပေးပါဦး .. ဟုဆိုကာ baeksukစွတ်ပြုတ်တစ်ဇွန်းကိုခပ်ကာမှုတ်ပြီး နှုတ်ခမ်းနားလာတေ့ပေးသဖြင့် သူမြည်းကြည့်လိုက်သည်..

သူက မြည်းပြီးမျက်မှောင်ကြုတ်လိုက်တော့

"ဘယ်လိုနေလဲ မကောင်းဘူးလားဟင်......

သူက ပြုံးကာ....

"အကောင်းဆုံးဘဲ......"

"Wae. ... မသိပါဘူး..Dr. ကြီးက မျက်မှောင်ကြုတ်ထားတော့ဘာများလဲလို့...ဟု Jennieက နှုတ်ခမ်းစူကာပြောလိုက်တော့သူကပြုံးကာ

"ဘာလို့များခုမှ ဒီလိုအရသာရှိတဲ့ baeksukကိုစားဖူးရတာလဲလို့စဥ်းစားနေလို့ပါ....

"ပိုပြီ.... Dr. ကြီးနော်.... ဒီလိုအပြောတွေနဲ့ဘယ်နှယောက်တောင်ခြွေပြီးပြီလဲမသိဘူး....သူမက မျက်စောင်းထိုးကာ ပြောလိုက်တော့

"ဗိုက်ဆာနေပြီ ချာတိတ်ရ..... အနံ့ကလေးက အိပ်ရာထကတည်းက လူကိုဆွဲဆောင်နေတာ....မရသေးဘူးလား စားချင်နေပြီကွာ.....

Last SnowWhere stories live. Discover now