တစ်ရက် chaeyoung ညဘက်စာလုပ်နေစဥ်Lisaက chaeyoung အနီးသို့လာကာ ဘေးတွင်လာထိုင်သဖြင့် chaeyoung စာလုပ်နေရာမှမော့ကြည့်ကာ
"Lisaya. .. ခုထိမအိပ်သေးဘူးလား....ထူးထူးဆန်းဆန်း......”
ထိုအခါ lisaက
"Chaeyoungnar. ...... ငါနင့်ကိုရင်ဖွင့်စရာရှိလို့....”
ဟုဆိုလိုက်တော့"Yar..... lisa နင် က..... ငါ့ကို....... မဟုတ်မှ.... ” chaeyoung မျက်လုံးပြူးကာ ဆိုလိုက်တော့
"Arr. ... နင်တွေးနေသလိုမဟုတ်ဘူးနော်....” lisa ပြူးပြူးပြာပြာနှင့် အော်ပြောလိုက်သည်
"အေပြီးရော... အာ့ဆိုဘာပြောဖို့လဲပြော.....” ဟု chaeyoung က စိတ်သက်သာရာ ရသလိုမေးလိုက်တော့
"ငါ သဘောကျတဲ့သူရှိနေပြီ......”
"အဲ့လယ်.... lalisa တယ်ဟုတ်ပါလား..... ဘယ်သူလဲ....” သူရီမောကာမေးလိုက်သည်
"နင်သိတဲ့သူပါဟာ..... soo. ....” ထိုစကားကြောင့် chaeyoung ငြိမ်ကျသွားမိသည်....
"Chaeyoungnar. ..... ငါ sooကိုသဘောကျတယ်လို့ဆို......” သူ့လက်မောင်းကို ဆွဲလှုပ်ကာပြောလိုက်မှ
"ဟင်...... အင်......”
"အဲ့ဒါ ငါ နက်ဖြန် ဖွင့်ပြောမလို့...... ” သူ့ထံမှဘာစကားသံမှမထွက်လာသဖြင့်
"Yar. .... park chaeyoung.... ငါပြောတာကြားရဲ့လား....”
"အော်....အင်... ငါ စာထဲစိတ်ရောက်သွားလို့ပါဟ.....”သူပြန်ပြောလိုက်တော့
"နင်တို့ဉာဏ်ကြီးရှင်တွေမလည်း တစာထဲစာနေတာဘဲ....အိပ်ပြီ...မနက်ကျ fighting ပြောပေးနော်....” ဟုဆိုတော့
"အေးပါဟ....”
Lisa ထွက်သွားတော့ chaeyoung သက်ပြင်းအသာချလိုက်မိသည်..... စာကိုပြန်ကြည့်လိုက်တော့ သူမပုံရိပ်လေးကိုမြင်ယောင်လာမိသည်.... သူအရမ်းမြတ်နိုးခဲ့မိသည့်နှုတ်ခမ်းလေးများ.....သူ့အချစ်ဆုံးသူငယ်ချင်းကလည်းသူချစ်နေသည့်သူမကိုချစ်နေမည်ဟုသူမထင်ထားခဲ့........
သူစာဆက်ကြည့်ရန်စိတ်မပါတော့သဖြင့် အိပ်စက်ရန်ပြင်လိုက်သည်....
မှေးစက်ရန်ပြင်လိုက်သော်လည်း သူမ၏ အသဲပုံနှုတ်ခမ်းလွှာကလေးက အာရုံထဲမြင်ယောင်လာပြန်သည်..... တဖန် သူမရီသံလွင်လွင်ကလေးများကြားယောင်မိပြန်သဖြင့် သူနားကိုလက်နှစ်ဖက်နှင့်အုပ်လိုက်ပြီး မျက်လုံးကို အတင်းမှိတ်ပစ်လိုက်သည်...
YOU ARE READING
Last Snow