44

1.7K 161 25
                                    

Chaeyoung သူ့မျက်နှာပြင်ပေါ်ထိတွေ့လာတဲ့အထိအတွေ့ကြောင့်အိပ်ပျော်နေရာမှနိုးလာသည်.....

မျက်လုံးကိုအသာဖွင့်ကြည့်လိုက်တော့ Jennie က သူ့မျက်နှာလေးကို လက်ကလေးဖြင့် ဖွဖွကလေးကိုင်ကြည့်နေသဖြင့် ပြုံးကာ သူမကိုယ်လေးကို ရင်ခွင်ထဲတိုးဖက်ရင်း

"နိုးနေပြီလား ချာတိတ်.....”

"တော်ပါသေးရဲ့... တကယ်ဖြစ်နေလို့....Jennက အိပ်မက်မက်နေတယ်ထင်နေတာ....”
သူ့ရင်ခွင်ထဲ မှ တိုးတိုးလေးဆိုလာသည်

"နောက်တခါ ချာတိတ်ကိုထားပြီးဘယ်တော့မှထွက်မသွား​တော့ပါဘူး.... ကိုယ်ကတိပေးပါတယ်....”

သူမနဖူးလေးကို ငုံ့နမ်းရင်းကတိပေးမိသည်....

"ကဲချာတိတ်..ထကြရအောင် ညကလည်း Ommaနဲ့စကား​သေချာမပြောလိုက်ရလို့....”

"Ommaက ဒီအချိန်ဆို ဆေးရုံသွားနေလောက်ပြီ......Dr. ကြီးရဲ့ အချိန်လဲကြည့်ပါဦး...”

သူ စားပွဲပေါ်ရှိ နာရီကို ယူကြည့်လိုက်တော့ ၁၁နာရီပင်ထိုးပြီဖြစ်သဖြင့်

"ဟာ....ဟုတ်ပါရဲ့ ၁၁နာရီတောင်ထိုးနေပြီးဘဲ.... ကိုယ် တော်တော်အိပ်လိုက်မိတယ်...လူနာသွားကြည့်ရဦးမှာကို.....”

"Jennက ရေချိုးပြီးပြီ... Dr. ကြီးမနိုးသေးလို့ ..
ကဲအခုရေသွားချိုး.... Jennအဝတ်တွေထုတ်ထားပေးမယ်...”
ဟုဆိုသဖြင့် chaeyoung အိပ်ယာမှ အမြန်ထကာ ရေမိုးချိုးလိုက်သည်....

ရေချိုးခန်းထဲမှ ထွက်လာတော့ ကုတင်ပေါ်တင်ထားပေးသည့် အဝတ်အစားများကိုဝတ်ပြီး Jennieကိုမတွေ့သဖြင့် အောက်ထပ်သို့ ဆင်းလာခဲ့သည်...

ခြေထောက်ကလေထော့နင်းထော့နင်းဖြင့်
ထမင်းပန်ကန်များကို စားပွဲပေါ်သို့ နေရာချပြင်ဆင်နေသည့်Jennieက သူ့ကိုတွေ့တော့
ထိုင်ခုံတွင်အမြန်ထိုင်ရင်း

"Dr. ကြီးတောင်ရေချိုးပြီးပြီကို.....Jenn မနက်စာပြင်ထားတယ်စားကြရအောင်...”

"အာ...အတော်ဘဲ..ကိုယ် က ချာတိတ် လက်ရာလေးကိုလွမ်းနေတာ...” ဟုဆိုကာ သူ့အတွက်ပြင်ထားပေးသည့်နေရာတွင်ဝင်ထိုင်ကာ
ခေါင်းမဖော်တမ်းစားနေသဖြင့် Jennie မှာ အားရပါးရစားနေသည့် သူ့အား ပြုံးပြုံးကြီးသာ ကြည့်နေမိသည်....

Last SnowDonde viven las historias. Descúbrelo ahora