" ကိုယ်မင်းကိုလက်ထပ်မယ်ချာတိတ်........” သူထပ်ပြောနေသဖြင့် သူမမျက်လုံးလေးကလည်ကလည်နှင့်သူ့ကိုပြန်ကြည့်နေမိသည်...
"Dr. တကယ်ပြောနေတာလား.... Jennက ဒီတိုင်းပြောလိုက်တာပါ.......”
"မရတော့ဘူး ချာတိတ် ကိုယ်က အတည်ယူလိုက်ပြီ...... ကဲ ပြန်ကြရအောင်.......”
"ဟင်ပြန်တော့မလို့လား....... ခုမှအစောကြီးရှိသေးတာကို.... ရုပ်ရှင်ကြည့်ချင်တယ်....လိုက်ပြပါနော်......”
သူသက်ပြင်းတစ်ချက်ချကာ.
(ဒီနေ့တော့ကလေးထိန်းဖြစ်ပြီ.....
Park chaeyoung ရေ......) သူစိတ်ထဲမှ ရေရွတ်လိုက်မိသေးသည်.."ကဲသဘော....သဘော.....ချာတိတ်သဘောပါ.....”
"ဟေး...... အာ့ဆိုရုပ်ရှင်ရုံကိုမောင်း....” သူမက ကားပေါ်တက်ထိုင်ပြီးစတင်အမိန့်ပေးလေတော့သည်...
"Ok ပါ........”
ရုပ်ရှင်ရုံရောက်တော့ သူမက Train To Busan ကားကြည့်ချင်သည်ဟုပူဆာလာသဖြင့်
"အဲ့ကားကကြောက်ဖို့ကောင်းတယ်ပြောကြတယ်ချာတိတ်ရ ကြည့်ရဲလို့လား......”
"ဘာလို့မကြည့်ရဲရမလဲ..... Jennက ကလေးလား zombieကို ကြောက်ရအောင်......ကလေးတွေဘဲ ကြောက်မှာပေါ့.... ဘာလဲ Dr.က ကြောက်နေတာလား.....ဟဲဟဲ....” သူက ကြောက်သည့်ဟန်လုပ်ပြလိုက်တော့
"ဘာလဲ မကြောက်ပါနဲ့ လာခဲ့ ဝင်ရအောင် ရုပ်ရှင်စတော့မယ်......”
" မုန့်မဝယ်တော့ဘူးလား....”
"အာ....ဟုတ်သားဘဲ.....အာလူးကြော်ရယ် ပေါက်ပေါက်ရယ်.... ကိုလာရယ်ဝယ်ပေး.....Dr.ကြီး....”
"ဟင် အများကြီး ကုန်လို့လားချာတိတ်ရ ကိုယ်မစားဘူနော်.....”
"ကုန်ပါတယ် Dr.ရ..........”
"Okကုန်ရင်ပြီးတာဘဲ.....” သူ မုန့်များကိုသွားဝယ်လိုက်သည်..... ထို့နောက်
"ကဲ ချာတိတ်ဝင်ကြတော့မလား......”
"Ok.......”
ခုံနံပါတ်ကိုရှာပြီးဝင်ထိုင်လိုက်ကြသည်... ရုပ်ရှင်ကတော့မစသေး... နေရာကတော့ အလယ်မှာဖြစ်သဖြင့်် အဆင်ပြေသည်..... သူတို့ဘေးတွင်တော့ လူမရောက်သေး ..........
YOU ARE READING
Last Snow