37

1.3K 146 27
                                    

Bobby ဘေးဘီကိုတစ်ချက်ကြည့်လိုက်သည်. လူသူကင်းရှင်သည်သေချာမှပင် Jennie၏ ကားတံခါးကိုဖွင့်လိုက်ပြီး လက်ထဲမှကိုင်ထားသည့် အထုပ်ကိုထည့်ရန်ပြင်လိုက်စဥ် ကားပေါ်တွင်ထိုင်နေသည့် Jennieကိုတွေ့သွားကာ

"ဟင်...Jenn. ...”

"Oppa. ...ဒါဘာသဘောလဲ.....”
Jennie မာဆက်ဆက်မေးလိုက်သည်

"ဟို..... မင်းသိသင့်တယ်ထင်လို့.....,ကိုယ်...”

"Oppa ဒီလို အထင်လွဲစရာတွေဆက်ပြီးမလုပ်ပါနဲ့တော့.. ဒီလိုလုပ်လို့လဲ Jennက oppaဆီကိုရောက်လာမှာမဟုတ်ဘူး....”

"ဒါတွေကလုပ်ကြံဖန်တီးထားတာမဟုတ်ဘူးJenn. .. နောက်ပြီးကိုယ်မင်းဆီကနေဘာမှလည်းမမျှော်လင့်ဘူး... မင်းအရူးလုပ်မခံရအောင် သိသင့်တာသိရအောင် စေတနာနဲ့လုပ်ပေးတာ...”
ဟုဆိုကာ Bobbyသူ့လက်ထဲမှ အထုပ်ကလေးကို ကမ်းပေးလိုက်သည်

Jennieမယူသဖြင့်
"ဒါတွေကြည့်လိုက်ရင်မင်းရှင်းသွားမှာပါ...”
Jennie၏နဘေးရှိထိုင်ခုံပေါ်တင်ပြီး bobbyထွက်သွားလေသည်..

Jennieမှာ Bobby ၏ စကားကို မယုံတစ်ဝက်ယုံတစ်ဝက်ဖြင့် အထုပ်ကလေးကို လှမ်းယူကာဖွင့်ကြည့်လိုက်သည်...
တွေ့လိုက်ရသည့်ပုံများကြောင့် Jennieမျက်လုံးများပြာဝေကာ လက်ထဲမှဓာတ်ပုံမှ လွတ်ကျကုန်သည်....

Jennie မျက်ဝန်းထဲမှမျက်ရည်များကျဆင်းလာကာ လက်သီးကိုကျစ်နေအောင်ဆုပ်ပြီး
"ဒါသက်သက်အရူးလုပ်တာဘဲ.... park chaeyoung ရှင်က အဲ့လိုလူလား....”
မျက်ရည်များကိုလက်ဖြင့်ကြမ်းတမ်းစွာသုတ်လိုက်ပြီး ကျနေသောပုံများကိုပြန်ကောက်ကာ စူးစိုက်ကြည့်လိုက်သည်....

Jennieတို့ Shooting စရိုက်သည့်နေ့က Jisooကားပေါ်သို့ ဝင်သွားသည့်Chaeyoungပုံနှင့် နောက်တစ်ပုံက Jisooအား နမ်းနေသည့်ပုံ
နောက်တစ်ပုံက ဘယ်တုန်းကမှန်းသူမမသိ barတစ်ခုတွင် Jisoo ပုခုံးပေါ်မေးတင်နေသည့် Chaeyoung ၏ပုံ...
Jennie ပုံများကိုကြည့်ရင်း Shooting တုန်းက နှုတ်ခမ်းနီပေနေသည်ကိုပြောစဥ် Chaeyoung မျက်နှာပျက်သွားသည်ကိုသတိရကာ
​ဒေါသများထွက်လာပြီး ဓာတ်ပုံများကို ဆွဲဆုတ်လိုက်ရင်း

"အား......park chaeyoung ရှင့်ကိုကျမနာကျင်ခံစားရသလိုပြန်ခံစားရအောင်လုပ်ပြမယ်....”
သူမပုံမှာ ဒေါသထွက်နေသည့်ကျားပျိုမလေးသဖွယ်ပင်....

Last SnowWhere stories live. Discover now