Jennie ထမင်းဘူးကိုဖွင့်ကာ တစ်ခုပြီးတစ်ခုချထားပေးလိုက်သည်.... သူကသူမလုပ်သမျှကို လက်ကလေးထောက်ကာကြည့်နေသည်..
ထို့နောက်တူကိုယူကာ သူ့အား ကမ်းပေးလိုက်ပြီး..."စားလေ Dr. ကြီး..... Jenn အစောကြီးထချက်ထားတာ.....”
တူကိုကိုင်ကာ ဟင်းများကိုဝေ့ကြည့်လိုက်မိသည်.... အားလုံးကသူ့အကြိုက်တွေချည်း...
ထို့ကြောင့် သူခေါင်းငုံ့ကာအားရပါးရစားလိုက်သည်...."ချာတိတ် ချက်ပေးတဲ့ဟင်းကအကောင်းဆုံးဘဲသိလား....” သူစားနေရင်းသူမက လှမ်းပြောလိုက်တော့ သူမကသူ့ကိုကြည့်ကာပြုံးလျှက်
"အာ့ဆိုကုန်အောင်စားနော်....” သူခေါင်းညိမ့်ပြ လိုက်သည်.... စားပြီးတော့ သူမက သိမ်းဆည်းနေစဥ် အခန်းထဲသို့ တီရှပ်ပွပွကိုဝတ်ကာ ဦးထုပ်ငိုက်ငိုက်ဆောင်းထားသော သူတစ်ယောက်ဝင်လာသဖြင့်
"အမလေး.....ဘယ်သူလဲ.... အသံမပေးဘာမပေးနဲ့ဝင်လာရလား....” သူမကလန့်သွားသဖြင့်အော်လိုက်တော့ သူကဦးထုပ်ချွတ်လိုက်ကာ
"Ahh Jennie sorry. ....”
"ဟင်....lisaပါလား ဘာကိစ္စရှိလို့လဲ.... ” သူမကတအံတသြမေးလိုက်တော့
"Lisaက နေမကောင်းလို့...... Jennကိုယ်ကားငှားပေးမယ်နော်...အရင်ပြန်နှင့်လိုက်...” ဟုဆိုကာ Jennie ကို လက်ဆွဲကာ ဆေးရုံပြင်သို့ခေါ်သွားကာ ကားတစ်စီးပေါ်တင်ပေးလိုက်ပြီး
"Arjushi. ...သူ့ကို........$&%*@$^@. ...ကိုပို့ပေးပါရှင်..... ”
"ချာတိတ်ညနေကျရင် တွေ့မယ်နော်.....” ဟုဆိုကာ လက်ပြနှုတ်ဆက်လိုက်သည်... ကားလေးအဝေးရောက်သွားမှဆေးရုံထဲသို့ပြန်ဝကအလာသည်...
"Lisa. ..သွားတွေ့ကြတော့မလား.....” သူမေးလိုက်တော့ lisaက ခေါင်းညိမ့်ပြသဖြင့် chaeyoung ရှေ့မှဦးဆောင်ကာ Hanaအခန်းသို့ထွက်လာကြသည်....
အခန်းတံခါးကို ၂ချက်ခန့်ခေါက်ပြီးသူတို့အထဲဝင်သွားကြသည်......
ကုတင်ပေါ်တွင် လှဲနေသော Hanaက သူတို့ကိုတွေ့တော့ ထထိုင်ကာ"နင်....နင်တို့.....lisa. ... chaeyoung..... ”
"Hanaနင်ငါတို့ကိုမှတ်မိသေးတယ်ပေါ့....သူရော...သူဘယ်မှာလဲ..... ” ဟု lisa စိတ်လှုပ်ရှားစွာ မေးလိုက်သည်.....
![](https://img.wattpad.com/cover/252512826-288-k214723.jpg)
VOUS LISEZ
Last Snow