final

4.1K 203 26
                                    


ဆေးရုံဝရောက်တော့ သူက

"ခနလေးချာတိတ်...ထိုင်နေဦး...” ဟုဆိုကာ ဆေးရုံထဲဝင်သွားပြီး ခနအကြာ wheel chair ဖြင့်ပြန်ရောက်လာလေသည်..

"ခြေထောက်နာနေသေးတယ်မဟုတ်လား...”ဟုပြောကာသူမကို wheel chair ပေါ်တွင်ထိုင်စေပြီး အနောက်မှတွန်းလာခဲ့ပေးလေသည်

သူ၏ ဂရုစိုက်မှုများကြောင့် Jennie စိတ်ထဲကျေနပ်သွားလေတော့သည်...
VIP ခန်းထဲဝင်လာတော့ လူနာမိသားစုများက Jennieကိုတွေ့သွားသဖြင့်ထရပ်လိုက်ကြသည်

Jennie wheel chair မှထကာ ခေါင်းကို ငုံ့ရင်း
အရိုအသေပေးကာ ကျေးဇူးတင်စကားဆိုလိုက်သည်
Chaeyoung လည်း အမြန်အရိုအသေပေးလိုက်သည်
အခန်းတံခါးပွင့်လာကာ ommaက ဝင်လာပြီး

"ခုလိုကျမသမီးလေးကို အထိခိုက်ခံပြီး ချစ်ပေးတဲ့အတွက် ဒီကလေးမလေးရဲ့ ဆေးကုသမှုနဲ့ နစ်နာမှုအားလုံးကို ကျမ တာဝန်ယူပါမယ်... ဒီလိုစကားပြောလို့အားလုံးစိတ်မဆိုးကြပါနဲ့....”

"Arniee အမကြီးမဟုတ်တာ...ရပါတယ်...ကျမတို့သမီးက Jennie kim fan အကြီးစားပါ.... ”
Jennie ommaတို့စကားပြောနေစဥ် ထိုလူနာကောင်မလေးကုတင်နားသွားလိုက်မိသည်...
ခေါင်းတွင်ပတ်တီးအဖွေးသားနှင့် အောက်စီဂျင် တပ်ထားသည့်ထိုကောင်မလေးကိုတွေ့တော့ သူမငိုကြွေးမိသည်...

သူမငိုသံကြောင့် ထိုကောင်မလေး က မျက်လုံးဖွင့်ရင်း ယဲ့ယဲ့ကလေးပြုံးကာ မငိုရန် မျက်လုံးများကို မှိတ်ပြီး 
"မငိုပါနဲ့... Jennie ...” ဟု တီးတိုးပြောလိုက်သည်....

"မငိုပါနဲ့ ချာတိတ်ရယ်...သူစိတ်မကောင်း ဖြစ်နေပါမယ်....”
Chaeyoung က သူမအနီးသွားကာ တီးတိုးပြောလိုက်တော့သူမက မျက်ရည်များကို သုတ်ရင်း

"မြန်မြန် နေကောင်းလာနော်...” ဟုပြောလိုက်တော့ သူမကပြန်ပြုံးပြနေလေသည်
Chaeyoung တို့ဆေးရုံတွင် ထိုကောင်မလေး အိပ်ပျော်သွားသည့်အထိ နေကြပြီး မိသားစု ဝင် များကို နှုတ်ဆက်လိုက်သည်

"Jenn. ..နောက်နေ့တွေလည်းလာခဲ့ပါဦးမယ်...”

Chaeyoung wheel chair လေးကိုတွန်းကာ သူမကို ကားဆီသို့ခေါ်လာခဲ့သည်

Last SnowDonde viven las historias. Descúbrelo ahora