#22

20.8K 2.1K 353
                                    

Zawgyi
◽◽◽◽◽◽

*( ကိုယ့် story , Fic တွေကို tiktok မှာလုံးဝပြန်မတင်ပါနဲ့ ခွင့်မပြုပါဘူး ဘယ်မှာမှပြန်တင်ခွင့်မပြုပါဘူး ကျေးဇူးပြုပီး ရေးပေးထားတဲ့ ကိုယ့်ကို respect ထားပေးပါ ပြန်မတင်ပါနဲ့ မကူးချပါနဲ့ )*
____×____×____×____

ကျနော် မနက်အစောကြီး ထယ့်အတွက် မနက်စာ လုပ်ပေးပီး ထယ့်ကိုနှိုးဖို့ အခန်းထဲဝင်လာခဲ့တော့ အိပ်ပျော်နေတဲ့ ထယ့်ရဲ့ ပုံလေးက ဖြူစင်လိုက်တာ တစ်ချိန်ကတော့ ကျနော့်ကို အရမ်းချစ်ခဲ့တဲ့ ထယ်ကအခုတော့ ဆန့်ကျင်ဘက်တွေ ဖြစ်နေခဲ့ပီ ၊ ဒီလို အဖိုးတန်လူသားလေးအပေါ်ကို ဘာလို့များ ကျနော် အမှားတွေအများကြီး ကျူးလွန်ခဲ့မိရတာလဲ

'ထယ် .. ထယ် .. ထတော့လေ ထယ် အလုပ်မသွားဘူးလား ထတော့လေ ထယ်'

"အင်း အကို ခနလေးပဲ 5 မိနစ်ပဲအိပ်ပါရစေ"

အိပ်ချင်မူးတူးနဲ့ထယ့် နှုတ်ခမ်းကနေ ဟိုလူ့ကို ယောင်နေတာကို မြင်ရတာ ကျနော့်ကို မီးလောင်တိုက်သွင်းနေသလိုပင်

'ဟင်းး ထယ် .. ထယ် .. ထတော့လေ နော်'

"အင်း ဟင်း အကို .. ဟမ် အာ hak မောင်ကိုး sorry ဒါနဲ့ ဘာလို့ လာနှိုးတာလဲ"

'ထယ် အလုပ်သွားရမယ်လေ'

"မနက်ဖြန်မှ သွားရမှာ"

'အာ ဟုတ်လား ပီးတော့ မောင်မနက်စာ လုပ်ထားတယ် ထယ် ပေါင်မုန့်ကြက်ဥကြော်ထားတယ်'

"အဲ့တော့"

'မနက်စာစားရအောင်လေ'

"မနက်စာ အင်း မောင်နဲ့ သိခဲ့တဲ့ 10 နှစ်တာ အတောတွင်းမှာ ပထမဆုံးပဲ မောင်လုပ်ပေးတဲ့ မနက်စာက"

'တောင်းပန်ပါတယ် ထယ် မောင်အခုကစပီး ကြိုးစားပါ့မယ်'

"ဒါပေမယ့် ဘယ်လိုလုပ်မလဲ ငါ မနက်စာကို အဲ့လိုဟာတွေ မစားဘူး အကိုက အမြဲ ငါအလုပ်သွားခါနီးတိုင်း အားရှိအောင်လို့ ဆိုပီး ထမင်းပဲလုပ်ပေးတာလေ အဲ့တော့ ထမင်းမှ မဟုတ်ရင် မစားချင်တော့ဘူး sorry ပါ မောင်ပဲ စားလိုက်တော့နော်"

'အဲ့ အဲ့တာဆို မောင်ထမင်းလုပ်ပေးမယ်လေ'

"ရပါတယ် မလိုပါဘူး"

ɪ ɴᴇᴠᴇʀ ʜᴀᴛᴇ ʏᴏᴜ [ᴄᴏᴍᴘʟᴇᴛᴇᴅ]Where stories live. Discover now