#30

22.8K 2.1K 356
                                    

Zawgyi
◽◽◽◽◽◽

*( ကိုယ့် story , Fic တွေကို tiktok မှာလုံးဝပြန်မတင်ပါနဲ့ ခွင့်မပြုပါဘူး ဘယ်မှာမှပြန်တင်ခွင့်မပြုပါဘူး ကျေးဇူးပြုပီး ရေးပေးထားတဲ့ ကိုယ့်ကို respect ထားပေးပါ ပြန်မတင်ပါနဲ့ မကူးချပါနဲ့ )*
____×____×____×____

'Hello အင်း ၊ ငါစုံစမ်းခိုင်းတာတာ ဘယ်လိုလဲ ၊ သူကောင်းကောင်း ရှိနေရဲ့လား ၊ ဘာတွေလုပ်နေလဲ ၊ ဘာမှအထွေထူးမရှိဘူးမလား'

*တစ်ခုခုတော့ ဖြစ်နေတယ် ထင်ပါတယ် ၊ ကျနော် kim taehyung နောက်ကို တောက်လျှောက် လိုက်နေခဲ့တာ တစ်နေ့မှာ ညဘက်ကြီးအိမ်ကထွက်ပီး ဆေးရုံကိုသွားခဲ့ပါတယ် ၊ ထူးဆန်းတာက သားဖွားဆေးရုံဖြစ်နေတာပါ ၊ ပီးတော့ သူ့ပုံက တစ်ခုခုဖြစ်နေတဲ့ပုံပါ ၊ အထဲထိတော့ ၀င်မစုံစမ်းခဲ့ပါဘူး*

'သေချာစုံစမ်းပေးပါ အဲ့မှာ ဘာသွားလုပ်တာလဲ အသေးစိတ်စုံစမ်းပေးပါ ပိုက်ဆံပိုပေးပါ့မယ်'

ကျနော် ထယ်ကောင်းကောင်းရှိနေလား သိရအောင် လူလွှတ်စုံစမ်းထားခိုင်းခဲ့ရာ ကြားလိုက်ရတာက ထယ်က သွားဖွားဆေးရုံကိုသွားတယ်တဲ့ ဘာလို့လဲ ဘာလို့သွားရတာလဲ မဟုတ်မှ ကလေးများ ... မဟုတ်လောက်ဘူး ကလေးရှိလားစစ်ဖို့ဆိုရင်က ဒီတိုင်းရိုးရိုးဆေးရုံကိုသွားရင်ရတာပဲ ၊ အခုကဘာလို့ .... ပီးတော့ ထယ်တားဆေးတွေလည်း သောက်နေတာပဲမလား ကလေးမဟုတ်နိုင်လောက်ပါဘူး
___________________

Ring ~ ring ~ ring

'Hello သိရပီလား!'

*ဟုတ်ကဲ့ ကလေးဖျက်ချဖို့ သွားခဲ့တာပါတဲ့*

'ဘာ! က ကလေး ကလေးတဲ့လား အသေးစိတ်ပြောစမ်းပါ'

*kim taehyung shi မှာ ကိုယ်ဝန် 7 ပတ်ရှိနေပီး အဲ့ကိုယ်ဝန်ကို ခွဲစိတ်ပီး ဖျက်ချဖို့ လုပ်ခဲ့တာပါတဲ့*

ဒါ ဆို ဒါ ဆို ထယ့်မှာ ကျနော့်ကလေးရှိနေခဲ့တာလား တားဆေးသောက်နေရဲ့နဲ့တောင် ကလေးကရောက်လာတယ်ဆိုတော့ ကံကြမ္မာက  တကယ်ပဲ အခုမှဘယ်လိုဖြစ်စေချင်နေရတာလဲဗျာ

'ကလေးရော ဘယ်လိုဖြစ်သွားလဲ'

*နောက်ဆုံးမှာ မဖျက်ချနိုင်ခဲ့ပါဘူးတဲ့*

ɪ ɴᴇᴠᴇʀ ʜᴀᴛᴇ ʏᴏᴜ [ᴄᴏᴍᴘʟᴇᴛᴇᴅ]Where stories live. Discover now