#28

20.5K 2.1K 421
                                    

Zawgyi
◽◽◽◽◽◽

*( ကိုယ့် story , Fic တွေကို tiktok မှာလုံးဝပြန်မတင်ပါနဲ့ ခွင့်မပြုပါဘူး ဘယ်မှာမှပြန်တင်ခွင့်မပြုပါဘူး ကျေးဇူးပြုပီး ရေးပေးထားတဲ့ ကိုယ့်ကို respect ထားပေးပါ ပြန်မတင်ပါနဲ့ မကူးချပါနဲ့ )*
____×____×____×____

ထယ်ကညရောက်တဲ့အထိ ပြန်မလာသေး ဖုန်းဆက်တော့လည်းမကိုင်တာမို့ ကျနော် အရမ်းပင် စိတ်ပူလာရသည် ၊

'ဘယ်တွေရောက်နေတာလဲ ထယ်ရယ်'

ကျနော်ဖုန်းတွေဆက်တိုက် ခေါ်နေမိသည် ၊ 15 ခါမြောက်ကျမှ ကိုင်၏

'ထယ် ဘယ်ရောက်နေတာလဲဟင် အဆင်ပြေရဲ့လား ဘယ်မှာလဲ ထယ် မောင်စိတ်ပူနေ ...'

*ဟိုလေ taehyung shi က toilet ခနသွားနေလို့ပါ လာရင် ပြန်ဆက်ခိုင်းလိုက်ပါ့မယ်*

တစိမ်းမိန်းမအသံကြောင့် ကျနော့်ရင်တွေတုန်သွားရသည်

'ခင်ဗျားဘယ်သူလဲ ဘာလို့ထယ့်ဖုန်းကိုကိုင်ရတာလဲ!'

*အာ တို့က taehyung shi နဲ့ ဒီနေ့မှ ခင်တဲ့သူပါ အယ် taehyung shi လာပီ ဖုန်းလွှဲပေးလိုက်မယ်နော်*

"Hello .."

'ထယ် အဲ့တာဘယ်သူလဲ! အဲ့မိန်းမက ဘာ လဲ ၊ ဘာတွေလုပ်နေတာလဲထယ်ရယ် ဘယ်တွေရောက်နေတာလဲ မောင်စိတ်ပူနေတာ မြန်မြန်ပြန်လာခဲ့ထယ်'

"မောင့်မှာ ငါ့ကိုအမိန့်ပေးခွင့် မရှိဘူး ပီးတော့ ဒီညပြန်မလာမှာမို့ ဆေးရုံမှာတစ်ယောက်တည်းနေလိုက်တော့ ဒါပဲ"

'ထယ် ! ထယ် !'

ကျနော် ထပ်ပီးဖုန်းဆက်လို့မရတော့ ဖုန်းပါပိတ်သွားပီ ဘာတွေလဲ ထယ်ရယ် ဘာတွေဖြစ်နေတာလဲ အဲ့တစိမ်းမိန်းမနဲ့ရော ဘာ လို့ အတူတူရှိနေတာလဲ စိတ်ပူလိုက်တာကွာ !!

ထိုသို့ဖြင့် ထိုညက ထယ်တကယ်ပြန်မလာခဲ့တဲ့အပြင် နောက် နှစ်ရက်ကြာတဲ့အထိ ပေါ်မလာခဲ့ ကျနော်ကတော့ စိတ်ပူလွန်းလို့ ရူးတော့မယ် ၊ ပီးတော့ ဒီနေ့ ကျနော် ဆေးရုံဆင်းတော့လည်း လုံးဝပေါ်မလာ ၊ အိမ်ပြန်ရောက်တော့ အိမ်မှာလည်း မတွေ့

'ဟူးးး မောင်စိတ်ပူလိုက်တာကွာ ဘယ်တွေရောက်ပီး ဘာတွေလုပ်နေတာလဲ ထယ်ရယ်'

ɪ ɴᴇᴠᴇʀ ʜᴀᴛᴇ ʏᴏᴜ [ᴄᴏᴍᴘʟᴇᴛᴇᴅ]Where stories live. Discover now