#44

20.5K 2.1K 729
                                    

Zawgyi
◽◽◽◽◽◽

*( ကိုယ့် story , Fic တွေကို tiktok မှာလုံးဝပြန်မတင်ပါနဲ့ ခွင့်မပြုပါဘူး ဘယ်မှာမှပြန်တင်ခွင့်မပြုပါဘူး ကျေးဇူးပြုပီး ရေးပေးထားတဲ့ ကိုယ့်ကို respect ထားပေးပါ ပြန်မတင်ပါနဲ့ မကူးချပါနဲ့  plot တွေလည်းမခိုးပါနဲ့  )*
____×____×____×____

ကျနော် မောင်အိပ်ပျော်နေတုန်း စောင်လေးသေချာခြုံပေးခဲ့ကာ ဆရာဝန်ဆီ  ထွက်လာခဲ့လိုက်သည်

ကျနော်နိုးလာတော့ ထယ့်ကိုမတွေ့ ၊ ကြည့်ရတာ အောက်မှာ တစ်ခုခုသွားဝယ်တယ် ထင်တယ် ၊ ပီးတော့ ကျနော့်နှလုံးက ခနခနအောင့်လာလို့ ထယ်မရှိတုန်း ကျနော် ဆရာဝန်ကို သေချာမေးရန် ဆရာ့အခန်းရှေ့ ရောက်တော့ ...

"ဆရာ သူ့အခြေအနေက နည်းနည်းမကောင်းဘူးထင်တယ် ရင်ဘက်ခနခနအောင့်နေတယ် ဟိုတစ်လောကပေးတဲ့ ဆေးကမသက်သာဘူးထင်တယ် အဲ့တာဆေးထပ်ပြောင်းပေးလို့ရနိုင်မလားဟင်"

*အဲ့ဆေးက အပြင်းဆုံးဆေးပါပဲ အဲ့ထက်ပြင်းတာမရှိတော့ပါဘူး အထဲမှာ အခြေအနေက အရမ်းဆိုးနေတာမို့ နာတာလည်း ပိုဆိုးလာမှာပါ*

"အာ့ဆို အခုဆေးလည်း မနိုင်တော့ဘူးပေါ့နော်"

*ဟုတ်ပါတယ် နှလုံးက လုံးဝပျက်စီးနေပါပီ အမြန်ဆုံး အစားထိုးနိုင်မှဖြစ်ပါမယ် ၊ အခုပဲ 1 လကုန်သွားပီ အချိန်ကဘယ်လောက်မှ မကျန်တော့ဘူး လူနာရဲ့ အခြေအနေကိုကြည့်ခြင်းအားဖြင့် တွက်ထားတဲ့ အချိန်ထက် ပိုစောပီး ဆုံးရှုံးရမှာမျိုးလည်း ဖြစ်နိုင်ပါတယ်*

"ဒီ 1 လအတွင်းမှာ အလှူရှင် 3 ယောက်တွေ့ခဲ့တယ် ဒါပေမယ့် အားလုံးအဆင်ပြေခဲ့ဘူး ဘယ်လိုလုပ်ရပါ့မလဲ ဒီတိုင်းဆိုရင် ..."

*အားမလျှော့ပါနဲ့ အတတ်နိုင်ဆုံး ရှာကြရအောင် ပီးတော့ ဟိုတလောက ခန္ဓာလှူထားတဲ့သူတွေလည်း 4 ယောက် သေခဲ့ပါတယ် ဒါပေမဲ့ မတော်တဆဖြစ်ဖြစ်ချင်းမှာတင် နှလုံးတွေပါ ထိခိုက်ကုန်တာမို့ အဆင်မပြေခဲ့ပါဘူး*

"ဟင်းးး သိပါပီ ကျနော်လည်း အတတ်နိုင်ဆုံး ရှာပါ့မယ် ကျေးဇူးပါ ဆရာ အဲ့တာဆို ကျနော်သွားလိုက်ပါအုံးမယ်"

ɪ ɴᴇᴠᴇʀ ʜᴀᴛᴇ ʏᴏᴜ [ᴄᴏᴍᴘʟᴇᴛᴇᴅ]Donde viven las historias. Descúbrelo ahora