Zawgyi
◽◽◽◽◽◽*( ကိုယ့် story , Fic တွေကို tiktok မှာလုံးဝပြန်မတင်ပါနဲ့ ခွင့်မပြုပါဘူး ဘယ်မှာမှပြန်တင်ခွင့်မပြုပါဘူး ကျေးဇူးပြုပီး ရေးပေးထားတဲ့ ကိုယ့်ကို respect ထားပေးပါ ပြန်မတင်ပါနဲ့ မကူးချပါနဲ့ plot တွေလည်းမခိုးပါနဲ့ )*
____×____×____×____အခုဆို မောင်ကလည်း ပြန်ကျန်းမာလာပီ မောင်ဆေးရုံဆင်းတဲ့ရက်တုန်းက ထယ်ဟီးမှာ အရမ်းပျော်နေခဲ့လေသည် ကျနော်တို့နဲ့အတူ ပြန်နေရတော့မယ်ဆိုပီးတော့ နောက်ပီး အကို့အခန်းကိုရှင်းလိုက်တာကို မောင်ကအရမ်းအံ့သြနေခဲ့သည် အခုတော့ ကျနော့်အတွက် အရေးကြီးဆုံးက ထယ်ဟီးရယ် သူရယ်ပဲ
ဒီနေ့ အလုပ်ပိတ်ရက်မို့ အခုကျနော်မနက်စာပြင်နေတုန်း ခါးကိုဖက်လာသည့် အထိတွေ့နဲ့အတူ ပါးတစ်ဖက် နွေးထွေးသွားရသည်
"နိုးပီလား"
'အွန်း မောင်လုပ်ပေးမယ်လေ'
"ရပါတယ် ဒါကဘာမှ မပင်ပန်းပါဘူး အာ့ ငါ့ခါးတော့ ကြေတော့မှာပဲ မောင် ၊ ဘာလို့ အတင်းဖက်နေတာလဲ"
'အသည်းယားလို့'
"ကဲ ဖယ်အုံး ခနနေ ထယ်ဟီးဆင်းလာတော့မှာ တွေ့သွားလိမ့်မယ်"
'တွေ့တော့ ဘာဖြစ်လဲ မောင်တို့သမီးပဲဟာ သမီးက သူ့ဖေဖေနဲ့ပါးပါး ချစ်နေတာကို မြင်ရင် သဘောတောင်ကျအုံးမယ်'
"ကလေးရှေ့မှာ မတော်တရော်တွေ လုပ်ပြဖို့ မစဉ်းစားနဲ့နော်"
'ဒါမတော်တရော်မှ မဟုတ်တာ ထယ်ကလည်း ဖက်ရုံလေးတင်ကို ၊ တကယ်မတော်တရော် လုပ်ဖို့ဆိုရင် အိပ်ယာပေါ်သွားမှ ရမယ်'
"ဟာ မောင်!"
'haha'
*ဖေဖေ! ပါးပါး! ဘာလုပ်နေကြတာလဲ ဟီး ဖက်နေကြတာလား ခစ် ခစ်*
"လွှတ်စမ်း! ထယ်ဟီး အစောကြီး ဆင်းလာတာပဲ"
*ဟုတ် ဦးဦး jimin ကဒီနေ့ ထယ်ဟီးနဲ့လျှောက်လည်ဖို့ လာခေါ်မယ်ဆိုလို့*
'ဟုတ်လား jimin hyung ကတော့ မောင်တို့ ထယ်ဟီးလေးကို သံယောဇဉ်ဖြစ်နေပီထင်တယ်'
"ဟုတ်ပါ့ ဟိုနေ့ကလာတုန်းကတောင် ငါ့ကို ဘာပြောလည်းသိလား ထယ်ဟီးကိုသူတို့ကို ပေးပါလားတဲ့ haha ၊ ထယ်ဟီးပြန်သွားပီးတည်းက သူတို့အိမ်မှာ ပျင်းခြောက်ခြောက်ကြီး ဖြစ်နေတာတဲ့"
YOU ARE READING
ɪ ɴᴇᴠᴇʀ ʜᴀᴛᴇ ʏᴏᴜ [ᴄᴏᴍᴘʟᴇᴛᴇᴅ]
Fanfiction"မောင့်ကို ဘယ်တုန်းကမှလည်းမုန်းမရခဲ့သလို ထပ်ပီးလည်းမချစ်နိုင်တော့ဘူး" Big Drama ... Drama ကြိုက်မှဖတ်ပါ ။ ဘယ်လို ending ပဲဖြစ်ဖြစ်လက်ခံနိုင်တယ်ဆိုမှဖတ်ပါ ။ Top Stan တွေ မဖတ်တာကောင်းပါလိမ့်မည် ။ Just Fiction , Just feel like a fiction ! If you don't...