#42

22.3K 2.1K 460
                                    

Zawgyi
◽◽◽◽◽◽

*( ကိုယ့် story , Fic တွေကို tiktok မှာလုံးဝပြန်မတင်ပါနဲ့ ခွင့်မပြုပါဘူး ဘယ်မှာမှပြန်တင်ခွင့်မပြုပါဘူး ကျေးဇူးပြုပီး ရေးပေးထားတဲ့ ကိုယ့်ကို respect ထားပေးပါ ပြန်မတင်ပါနဲ့ မကူးချပါနဲ့ )*
____×____×____×____

ခွဲစိတ်ခန်းရှေ့တွင် တုန်လှုပ်ခြောက်ခြားစွာ ငိုနေတဲ့ ကောင်လေးတစ်ယောက်

"ကျေးဇူးပြုပီး အသက်ရှင်ပေးပါ မောင် ကျေးဇူးပြုပီး ငါနဲ့သမီးကို ထားသွားလို့ မဖြစ်ဘူးလေ ဟင့် မဖြစ်ဘူး"

မောင့်သွေးတွေပေနေတဲ့ ကျနော့်လက်တွေကို ကြည့်ရင်း ကျနော်ရင်ထဲတနုတ်နုတ်ဖြစ်နေရသည်

ထိုသို့ဖြင့် ခွဲခန်းရှေ့တွင် 6 နာရီကြာထိုင်စောင့်ပီးတော့ ... ဆရာဝန်ထွက်လာ၏

"ဆရာ မောင်ရောဟင် ကျနော့်ယောကျာ်း..."

*လောလောဆယ်တော့ အဆင်ပြေပါတယ်*

"ဗျာ လောလောဆယ်တဲ့လား ဘာကိုဆိုလိုတာလဲ အခု သူ သူ အသက်ရှင်တယ်မလား"

*ဟုတ်ကဲ့ လောလောဆယ်ပေါ့ အသေးစိတ်က ခနနေလို့ လူနာကို နေရာချပီး ဆေးသွင်းပီးမှ ဆက်ပြောကြတာပေါ့*

ကျနော် ဆရာဝန်ပြောသွားတာကို နားမလည်ဘူး ဒါပေမဲ့ ခုလောလောဆယ် အဆင်ပြေတယ်ဆိုလို့ တော်သေးတာပေါ့ ထို့နောက် ခွဲခန်းထဲက ထွက်လာတဲ့မောင့်ကို လူနာခန်းထဲ နေရာချပီး ဆေးတွေသွင်းပေးသွား၏
ကျနော် သူ့လက်လေးကိုကိုင်လိုက်ပီး

"မြန်မြန်နိုးလာပါတော့ မောင်ရယ် ကျေးဇူးပြုပီး ..."

ခနနေတော့ ကျနော်လည်း ဆရာဝန်ဆီသွားလိုက်သည်

*လာ ထိုင်ပါ လူနာရှင်*

"ဟုတ်ကဲ့ ကျနော့်ယောကျာ်းက ဘယ်လိုအခြေအနေလဲဟင် အရမ်းဆိုးတာတော့ မဟုတ်ဘူးမလား"

*အရင်ဆုံး စိတ်အေးအေးထားပီး ကျနော်ပြောတာကို နားထောင်ပေးပါ*

"ဟုတ်"

*လူနာက ကြည့်ရတာ အရင်တည်းက နှလုံးရောဂါဖြစ်နေခဲ့ပါတယ် အဲ့တာကို သေချာ မကုခဲ့ဘူးထင်တယ်*

"ဗျာ !"

*ဒါပေမယ့် အခု ဓားထိုးခံရတာက နှလုံးကို နည်းနည်းထိခိုက်သွားပါတယ် နဂိုတည်းက ပျက်စီးနေပီးအခုလိုပါ ထိသွားတော့ လုံးဝအဆိုးဆုံး အခြေအနေကိုရောက်သွားပါတယ် လောလောဆယ်တော့ မနည်းခွဲစိတ်ပီး အခြေအနေကိုထိန်းထားခဲ့ပါတယ် ၊ ပီးတော့ အမြန်ဆုံး နှလုံးအစားထိုးခွဲစိတ်မှ အသက်ရှင်နိုင်မှာပါ*

ɪ ɴᴇᴠᴇʀ ʜᴀᴛᴇ ʏᴏᴜ [ᴄᴏᴍᴘʟᴇᴛᴇᴅ]Where stories live. Discover now