Extra

25.3K 1.5K 294
                                    

Zawgyi
◽◽◽◽◽◽

*( ကိုယ့် story , Fic တွေကို tiktok မှာလုံးဝပြန်မတင်ပါနဲ့ ခွင့်မပြုပါဘူး ဘယ်မှာမှပြန်တင်ခွင့်မပြုပါဘူး ကျေးဇူးပြုပီး ရေးပေးထားတဲ့ ကိုယ့်ကို respect ထားပေးပါ ပြန်မတင်ပါနဲ့ မကူးချပါနဲ့ plot တွေလည်းမခိုးပါနဲ့ )*
____×____×____×____

အခုဆို jimin တို့ကလည်း ကလေးလေးတစ်ယောက် မွေးစားထားတယ် ၊ ထို 3 နှစ်အရွယ် ကလေးလေးကို သမီးက ခဏခဏသွားကြည့်တာမို့ အခုဆို သမီးက ကျနော်တို့အိမ်မှာထက် jimin တို့အိမ်မှာ နေသည့်အခါက ပိုများသည်

*samchon ~*

"ဘာလဲ ထယ်ဟီးလေး"

*ဂျီယွန်းလေးကိုလေ ကြီးလာရင် ထယ်ဟီးကို အပိုင် ပေးနော် ဟီး*

"ထယ်ဟီးက ညီမလေးလိုချင်နေတာလား အဲ့တာ ပါးပါးကို မွေးခိုင်းလိုက်လေ"

*ညီမလေးက ပါးပါးမွေးပေးမှာပေါ့ ဒါပေမယ့် ဂျီယွန်းလေးက မတူဘူးလေ*

"ဟမ် ဘယ်လိုကြီးလဲ ထယ်ဟီးရဲ့"

အမှန်တော့ ထယ်ဟီးက ဂျီယွန်းလေးကို ညီမလေးလို မချစ်ပါဘူး ဖေဖေက ပါးပါးကို ချစ်သလိုမျိုး ချစ်တာ အဲ့တာကိုတော့ samchon ကိုမပြောပြတော့ပါဘူးလေ နောက်ကြီးလာမှပဲပေါ့ ....
_________________

"မောင် ! ကော်ဖီတွေ မသောက်ရဘူးလို့ ပြောထားတာကို ခိုးသောက်နေတယ် !!"

'ဟီး အာစွတ်ရုံပါ ထယ်ရဲ့ တကယ်ကို ပိစိလေးပါ'

"မလိုချင်ဘူး ! ရင်တုန်မှာစိုးလို့ မသောက်ပါနဲ့ဆိုတာကို ငါ့အလစ်မှာ ရအောင် ခိုးသောက်တယ် ကဲဟာ ကဲဟာ"

'အားးး'

ပေါင်ကို လိမ်ဆွဲလာတဲ့ထယ့်ကြောင့် ကျနော် ထအော်မိတော့သည် ၊ တယ်လက်သံပြောင်တဲ့ ထယ်ပါလေ

'နောက်ခါ မသောက်တော့ပါဘူး ထယ်ရဲ့ နော်'

"အာ့ဆို ကတိပေး အခုကစပီး လုံးဝမသောက်တော့ဘူးလို့"

'တစ်ခါတစ်လေ နဲနဲလေးရော မဖြစ်ဘူးလားး လားး..'

လေဆာတွေပစ်နေပီဖြစ်တာကြောင့် အထွန့်မတက်ရဲတော့

'အင်းပါ မောင် ကတိပေးတယ်နော် လုံးဝမသောက်တော့ပါဘူး'

"ဟွန့် ဒါနဲ့ ထယ်ဟီးရော အခုထိ ပြန်မလာသေးဘူးလား ညနေတောင်ရောက်တော့မယ်"

ɪ ɴᴇᴠᴇʀ ʜᴀᴛᴇ ʏᴏᴜ [ᴄᴏᴍᴘʟᴇᴛᴇᴅ]Where stories live. Discover now