Zawgyi
◽◽◽◽◽◽*( ကိုယ့် story , Fic တွေကို tiktok မှာလုံးဝပြန်မတင်ပါနဲ့ ခွင့်မပြုပါဘူး ဘယ်မှာမှပြန်တင်ခွင့်မပြုပါဘူး ကျေးဇူးပြုပီး ရေးပေးထားတဲ့ ကိုယ့်ကို respect ထားပေးပါ ပြန်မတင်ပါနဲ့ မကူးချပါနဲ့ )*
____×____×____×____ရာသီတစ်ခုကူးပြောင်းပီးနောက် ..... နာကျင်စရာတွေကိုမေ့ကာ taehyung ရဲ့သည်းခံနားလည်ပေးမှူများကြောင့် အရင်လိုပင်ပြန်ဖြစ်လာခဲ့သော သူတို့အိမ်ထောင်ရေး..
"မောင် အေးလာပီမို့ အပြင်သွားရင် အင်္ကျီထူထူဝတ်သွားနော်"
'အင်း tae ကမောင်ဘာဝတ်ရမလဲ ထုတ်ပေးလေ'
"Tae က company သွားရအုံးမယ် မောင်ရဲ့"
'အစောကြီး ရှိသေးတာကို ၊ ခုတလော ထယ်က company အလုပ်တွေပဲအသည်းသန်လုပ်နေတာပဲ မောင့်ကိုပစ်ထားတယ်'
ကျနော် ရှယ်ယာတွေပြန်စုနိုင်ရန် အလုပ်တွေဖိလုပ်နေရသည်မို့ ခုတလော မောင့်ကို သိပ်ဂရုမစိုက်နိုင် ၊
"မဟုတ်ပါဘူး မောင်ရာ tae အလုပ်တွေများနေလို့ပါ"
'အာ့ဆို ညနေစောစော ပြန်လာခဲ့ကွာ နော်'
"အင်းပါ မောင်ရယ် ညနေတော့ စောစောပြန်လာခဲ့မယ် ဟုတ်ပီလား"
'အင်း ပီးရော'
________________"အား ပင်ပန်းလိုက်တာကွာ .... ဟူး အယ် မောင် ဒီမှာ ဘာထိုင်လုပ်နေတာလဲ"
'စောစောပြန်လာမယ်ဆိုပီး အခုမှပြန်လာတယ် မောင်ထိုင်စောင့်နေတာ 1 နာရီတောင် ရှိပီ'
"အလုပ်တွေများနေလို့ပါ မောင်ရယ် နှုတ်ခမ်းကြီးဆူမထားနဲ့လေကွာ မောင်ဘယ်အချိန်တုန်းက ပြန်ရောက်နေတာလဲ"
'လွန်ခဲ့တဲ့ 1 နာရီကျော်တည်းက'
"စိတ်မကောက်နဲ့တော့မောင်ရာ နော် ကဲ မောင်ဘာစားပီးပီလဲ tae ဘာလုပ်ပေးရမလဲ"
'စပါကတီ စားချင်တယ်'
"လုပ်ပေးမယ် ခနလေးစောင့်နော်"
ကျနော်မောင့်အတွက် စားဖို့လုပ်ပေးနေတုန်း ခေါင်းတွေ တရိပ်ရိပ်မူးလာသည် ၊ ပီးတော့ လုတလော ဗိုက်ကလည်း ခနခနအောင့်သည် ၊ ကျစ် ၊ ပီးရင်ဆေးသောက်ရမယ် ၊ ထို့နောက် အကုန်ပီးသွား၍ စားဖို့အသင့်သင့်ပြင်ကာနေတုန်း စားပွဲပေါ် ကျလာသည့် သွေးစက်များ ...
ကျနော် နှာခေါင်းသွေးလျှံနေပီ ထင်တယ် အမြန်ရေချိုးခန်းထဲသွားကာ ဆေးပီးထွက်လာတော့ ခေါင်းမူးကာ ယိုင်ခနဲ ၊ ဟူး ....
YOU ARE READING
ɪ ɴᴇᴠᴇʀ ʜᴀᴛᴇ ʏᴏᴜ [ᴄᴏᴍᴘʟᴇᴛᴇᴅ]
Fanfiction"မောင့်ကို ဘယ်တုန်းကမှလည်းမုန်းမရခဲ့သလို ထပ်ပီးလည်းမချစ်နိုင်တော့ဘူး" Big Drama ... Drama ကြိုက်မှဖတ်ပါ ။ ဘယ်လို ending ပဲဖြစ်ဖြစ်လက်ခံနိုင်တယ်ဆိုမှဖတ်ပါ ။ Top Stan တွေ မဖတ်တာကောင်းပါလိမ့်မည် ။ Just Fiction , Just feel like a fiction ! If you don't...