Zawgyi
◽◽◽◽◽◽*( ကိုယ့် story , Fic တွေကို tiktok မှာလုံးဝပြန်မတင်ပါနဲ့ ခွင့်မပြုပါဘူး ဘယ်မှာမှပြန်တင်ခွင့်မပြုပါဘူး ကျေးဇူးပြုပီး ရေးပေးထားတဲ့ ကိုယ့်ကို respect ထားပေးပါ ပြန်မတင်ပါနဲ့ မကူးချပါနဲ့ )*
____×____×____×____အခုဆို အကို seojoon ရဲ့ company ကို jimin ကဦးစီးနေပီး ကျနော်ကတော့ အကိုရဲ့နောက်ဆုံးလက်ဆောင်ဖြစ်တဲ့ ကျနော်မိဘတွေရဲ့ company ကိုပြန်ဦးစီးနေသည် ....
Ring ~ ring
"Hello"
'ထယ် မောင့်ဆီဖုန်းဆက်တယ်..'
"အင်း အခန်းထဲက စားပွဲပေါ်မှာ file တစ်ခုကျန်ခဲ့လို့ မောင်အပြင်သွားစရာမရှိရင် company ကိုယူလာခဲ့ပေးမလား"
'အင်းထယ် မောင်အခုပဲယူလာပေးမယ်နော် ထယ်'
__________________ကျနော် ထယ်ပြောတဲ့ file ကိုယူလာပီး ထယ့်ဆီ လာခဲ့သည် ၊ ဒီ company ကို ဟိုလူကပြန်ယူပေးနိုင်ခဲ့တယ်တဲ့လား ၊ ကျနော်ကတော့ ထယ့်အတွက် ဘာမှမလုပ်ပေးနိုင်ခဲ့တဲ့အပြင် ထယ့်ကိုကျနော့်လက်နဲ့ ကျနော်ကိုယ်တိုင် ထောင်ကျစေခဲ့သည် ....
ကျနော်ထယ့်အခန်းဆီ ရောက်တော့ တခြား လူတစ်ယောက်ပါ ရှိနေသည် company ကလူထင်တယ် ...
"ရောက်လာပီလား ဒီကိုပေး ယူလာပေးလို့ကျေးဇူးပဲ jungkook"
'ရပါတယ် ထယ်...'
*အာ ဒါနဲ့ ဘယ်သူများလဲ taehyung shi ၊ အချောလေးပဲ ညီလေးလား*
'မဟုတ်ပါဘူး ကျနော်တို့ကလက်...'
"ကျနော့် သူငယ်ချင်းပါ အတူတူနေတာလေ"
*အာ ဟုတ်လား ကျနော့်သမီးလေးနဲ့ မိတ်ဆက်ပေးချင်လိုက်တာ*
"Haha jungkook ကိုမေးကြည့်ပါ သူလည်းသဘောကျတယ်ဆိုရင် ကျနော်စီစဉ်ပေးပါ့မယ်"
'ထယ်!'
*အယ် ကြည့်ရတာ သူငယ်ချင်းက သိပ်မကြိုက်ဘူးထင်တယ် ထားလိုက်ပါတော့ဗျာ ဒါနဲ့ သူ့ကိုတစ်နေရာရာမှာမြင်ဖူးနေသလိုပဲ*
"အာ သူကသရုပ်ဆောင်တစ်ယောက်နဲ့ ရုပ်ဆင်လို့ပါ အဲ့ဒါဆို သွားတော့လေ Jung kook ငါကကြာအုံးမှာမို့ ပြန်နှင့်တော့"

YOU ARE READING
ɪ ɴᴇᴠᴇʀ ʜᴀᴛᴇ ʏᴏᴜ [ᴄᴏᴍᴘʟᴇᴛᴇᴅ]
Fanfiction"မောင့်ကို ဘယ်တုန်းကမှလည်းမုန်းမရခဲ့သလို ထပ်ပီးလည်းမချစ်နိုင်တော့ဘူး" Big Drama ... Drama ကြိုက်မှဖတ်ပါ ။ ဘယ်လို ending ပဲဖြစ်ဖြစ်လက်ခံနိုင်တယ်ဆိုမှဖတ်ပါ ။ Top Stan တွေ မဖတ်တာကောင်းပါလိမ့်မည် ။ Just Fiction , Just feel like a fiction ! If you don't...