Zawgyi
◽◽◽◽◽◽*( ကိုယ့် story , Fic တွေကို tiktok မှာလုံးဝပြန်မတင်ပါနဲ့ ခွင့်မပြုပါဘူး ဘယ်မှာမှပြန်တင်ခွင့်မပြုပါဘူး ကျေးဇူးပြုပီး ရေးပေးထားတဲ့ ကိုယ့်ကို respect ထားပေးပါ ပြန်မတင်ပါနဲ့ မကူးချပါနဲ့ )*
____×____×____×____ခြံထဲမှာ ထိုင်ပီး စာရင်းတွေလုပ်နေတဲ့ ထယ့်ကို အပေါ်ထပ် ပြတင်းပေါက်ကနေ ချောင်းကြည့်နေတဲ့ ထယ်ဟီးလေး
'သမီး ဘာလုပ်နေတာလဲ'
*ဟီး ဘာမှမလုပ်ပါဘူး ဖေဖေရဲ့*
'ပါးပါးကို ကြည့်နေတာလား'
*ဟီး ဒါပေမယ့် ပါးပါးမမြင်အောင် ကွယ်ပီးချောင်းကြည့်နေတာပါ ဖေဖေ ၊ ပါးပါးအနှောင့်ယှက်ဖြစ်အောင် မလုပ်ပါဘူး*
'ဖေဖေသိပါတယ် သမီးရယ်'
*အာ ဖေဖေ့ကိုပြစရာရှိတယ်*
'ဟင် ဘာကြီးလဲ'
*လာ မီးပြမယ်*
သမီးက ကျနော့်လက်ကိုဆွဲကာ သူ့အခန်းထဲခေါ်သွားလေရဲ့
*ဒီမှာ ဖေဖေ ဒါမီးမီးစုထားတဲ့ မုန့်ဖိုးတွေ ၊ မနက်ဖြန်က ပါးပါးမွေးနေ့မလား အဲ့တာ လက်ဆောင် ၀ယ်ပေးချင်လို့ပါ ဖေဖေက ပါးပါးကြိုက်တာကို ၀ယ်ပီးပေးလိုက်နော်*
'သမီးရယ် မူကြိုမှာ မုန့်မ၀ယ်စားပဲ စုထားတာလား'
*စားပါတယ်ဖေဖေရဲ့ တစ်စက်ကို စုစုထားတာပါ အဲ့တာကြောင့် ဖေဖေက ၀ယ်ပေးပါနော်*
'ဖေဖေ၀ယ်ပေးမှာမို့ သမီးမုန့်ဖိုးလေးတွေ သိမ်းထားပီး သမီးအတွက်ပဲဝယ်နော်'
*ဟင့်အင်း အဲ့လိုဆို မီးမီးပေးတာဘယ်ဟုတ်တော့မလဲ ၊ ဒါကိုယူပီး ၀ယ်ပေးပါနော် မုန့်ဖိုးက ထပ်စုရင်ရတာပဲ နော် ဖေဖေ နော်*
ကျနော့်လက်ထဲကို သူ့ပိုက်ဆံလေးတွေကို အတင်းထိုးပေးနေတဲ့ သမီးရဲ့ပုံက ကျနော့်နှလုံးသားကို ဆွဲညှစ်နေသလိုပင် ၊ ထယ့်ကို အရမ်းချစ်လွန်းလိုက်တာ ၊ ကျနော်လေ တစ်ခါတလေ စဉ်းစားမိတယ် သမီးလေးမခံစားရအောင်ရော ထယ်လဲ ငြိမ်းချမ်းသွားအောင် ကျနော်တို့သားအဖ ထယ်မသိအောင် ထွက်သွားကြဖို့ကို ၊ ဒါပေမယ့် ထယ့်အပေါ်အရမ်းတွယ်တာ လွန်းနေတဲ့ သမီးလေးကြောင့် ကျနော်ဘာမှမတတ်နိုင်ခဲ့ဘူး
____________________
YOU ARE READING
ɪ ɴᴇᴠᴇʀ ʜᴀᴛᴇ ʏᴏᴜ [ᴄᴏᴍᴘʟᴇᴛᴇᴅ]
Fanfiction"မောင့်ကို ဘယ်တုန်းကမှလည်းမုန်းမရခဲ့သလို ထပ်ပီးလည်းမချစ်နိုင်တော့ဘူး" Big Drama ... Drama ကြိုက်မှဖတ်ပါ ။ ဘယ်လို ending ပဲဖြစ်ဖြစ်လက်ခံနိုင်တယ်ဆိုမှဖတ်ပါ ။ Top Stan တွေ မဖတ်တာကောင်းပါလိမ့်မည် ။ Just Fiction , Just feel like a fiction ! If you don't...