#37

23.6K 2.3K 706
                                    

Zawgyi
◽◽◽◽◽◽

*( ကိုယ့် story , Fic တွေကို tiktok မှာလုံးဝပြန်မတင်ပါနဲ့ ခွင့်မပြုပါဘူး ဘယ်မှာမှပြန်တင်ခွင့်မပြုပါဘူး ကျေးဇူးပြုပီး ရေးပေးထားတဲ့ ကိုယ့်ကို respect ထားပေးပါ ပြန်မတင်ပါနဲ့ မကူးချပါနဲ့ )*
____×____×____×____

သီးသန့်လူနာခန်းတွင် ဆေးပိုက်တွေနဲ့လှဲနေတဲ့ ထယ်ဟီးလေးဘေးတွင် စိုးရိမ်တကြီးစောင့်နေကြသော ကောင်လေးနှစ်ယောက်

"မောင် ထယ်ဟီးကဘာလို့အခုထိ သတိမရလာသေးတာလဲ မသိဘူး ငါစိတ်ပူလာပီ"

'ဆရာက စိတ်ပူစရာမရှိတော့ဘူးလို့ ပြောသွားတယ်မလား နည်းနည်းပဲထပ်စောင့်ကြည့်ရအောင်နော် ထယ်ဟီးလေးက မေ့ဆေးအရှိန်ကြောင့် သတိမရသေးတာ ဖြစ်မှာပါ'

"မြန်မြန်နိုးလာပါတော့ ထယ်ဟီးရယ်"

'ထယ် တစ်ခုခုသွားစားလိုက်အုံးလေ တစ်ချိန်လုံးဘာမှမစားရသေးဘူးမလား သမီးကိုက မောင်ကြည့်ပေးထားမှာမို့..'

"ငါ့သမီးပါ! ဒီအချိန်မှာ ငါထမင်းစားနိုင်မယ် ထင်လို့လား"

'မောင်က ထယ့်ကို စိတ်ပူလို့ပါကွာ...'

ထိုအချိန် မျက်လုံးလေးတွေ ဖြေးဖြေးချင်းပွင့်လာတဲ့ ထယ်ဟီး

"ထယ်ဟီး ! ထယ်ဟီး ! သတိရလာပီလား"

'သမီးလေး သက်သာရဲ့လား'

"ဆရာဝန်မြန်မြန်ခေါ် မောင်"

ထို့သို့ဖြင့် ဆရာဝန်ကလာကြည့်ပီးနောက် အကုန်စိတ်ချရပီဟုဆိုတော့မှသာ နှစ်ယောက်သား သက်ပြင်းချမိတော့သည်

"အရမ်းနာနေလားဟင် ထယ်ဟီး ပါးပါး တောင်းပန်ပါတယ် အားလုံးက ပါးပါးကြောင့်ပါ ဟင့် တောင်းပန်ပါတယ်"

မထနိုင်သေးတာကြောင့် လှဲရင်းနဲ့ပင် ကျနော့်ကို မျက်ရည်လှမ်းသုတ်ပေးနေတဲ့ သမီးငယ်

"ထယ်ဟီးရယ် အဟင့် တောင်းပန်ပါတယ် ပါးပါးမှားခဲ့ပါတယ်"

*ပါးပါး မငိုပါနဲ့ ထယ်ဟီးမနာပါဘူး ထယ်ဟီးအဆင်ပြေပါတယ် ဖေဖေရောပဲ မငိုပါနဲ့*

'ဖေဖေတောင်းပန်ပါတယ် သမီးခံစားနေရတာကို မသိခဲ့ဘူး သေချာဂရုမစိုက်မိခဲ့ဘူး ဖေဖေ့ကြောင့်ပါ'

ɪ ɴᴇᴠᴇʀ ʜᴀᴛᴇ ʏᴏᴜ [ᴄᴏᴍᴘʟᴇᴛᴇᴅ]Where stories live. Discover now