Zawgyi
◽◽◽◽◽◽*( ကိုယ့် story , Fic တွေကို tiktok မှာလုံးဝပြန်မတင်ပါနဲ့ ခွင့်မပြုပါဘူး ဘယ်မှာမှပြန်တင်ခွင့်မပြုပါဘူး ကျေးဇူးပြုပီး ရေးပေးထားတဲ့ ကိုယ့်ကို respect ထားပေးပါ ပြန်မတင်ပါနဲ့ မကူးချပါနဲ့ )*
____×____×____×____"မဟုတ်ဘူး! မလုပ်ပါနဲ့! မလုပ်ပါနဲ့!! လွှတ် ! ကျနော့်ကိုဒီလို မလုပ်ပါနဲ့! ကယ်ကြပါ ! ကယ်ကြပါ!"
'ထယ် ! ထယ်! ထယ်! မောင်ရှိတယ် မောင်ရှိတယ်လေ မကြောက်နဲ့နော်'
အိမ်မက်ယောင်ပီး ကြောက်လန့်တကြား အော်နေတဲ့ ထယ့်ကို ကျနော်ဖက်ထားပေးမိသည် ၊
"ဟင့် အကို မသွားပါနဲ့ အစ်ကိုရယ် ကျနော်ကြောက်တယ် အရမ်းကြောက်တယ်"
'မောင် ရှိတာမို့ မကြောက်နဲ့တော့နော် တောင်းပန်ပါတယ် အားလုံးက မောင့်ကြောင့်ပါ'
"မင်း မင်းက .... ဖယ် !"
'ထယ် ...'
ထယ်က ကျနော့်ကို တွန်းထုတ်ပီး တစ်ကိုယ်လုံး တုန်ယင်စွာ အခန်းထဲမှ ထွက်သွား၏ ၊ ကျနော် ထယ့်အနောက်ကို လိုက်သွားကြည့်တော့ seojoon hyung ရဲ့ အခန်းထဲ ၀င်သွားတာ တွေ့လိုက်ရသည် ၊ ကျနော်ကတော့ ထိုအခန်းရှေ့မှာ ထိုင်ကာ မျက်ရည်တွေကျနေမိသည် ၊ ထယ်ဘယ်လောက်များ နာကျင်နေလိမ့်မလဲ
____________________'နိုးလာပီလား ထယ် မောင်မနက်စာ လုပ်ထားတယ် နွားနို့ပူပူလေးလည်း လုပ်ပေးထားတယ် အားရှိအောင် လာ ထိုင် ထယ်'
"တစ်ယောက်တည်းသာ စား"
'ထယ် ရေချိုးတော့မှာလား မောင်ရေနွေးစပ်ပေးမယ်'
"မလိုဘူး ငါ့မှာ လက်ပါတယ်"
^^^^^^^
'ထယ် ဒီမှာ မောင် ထယ့်အတွက် အင်္ကျီထုတ်ပေးထားတယ်'
"မလိုအပ်တာမို့ နောက်ဆို ဒါမျိုးတွေ မလုပ်နဲ့ ငါအခုထိ မောင့်ဆီက ဂရုစိုက်မှုတွေနဲ့ အစိမ်းသက်သက်ဖြစ်နေတာမို့ လိုလည်းမလိုချင်ဘူး"
'ထယ်ရယ် မောင်က...'
"တော်တော့ ငါနားချင်ပီ သွားတော့"
'မနက်စာလေးတော့ စားလိုက်ပါအုံး ထယ်ရယ် ဘာမှမစားရသေးဘူးလေ နော် ပီးမှ ပြန်အိပ်ပါ ထယ် နော်'
![](https://img.wattpad.com/cover/244775967-288-k732356.jpg)
YOU ARE READING
ɪ ɴᴇᴠᴇʀ ʜᴀᴛᴇ ʏᴏᴜ [ᴄᴏᴍᴘʟᴇᴛᴇᴅ]
Fanfiction"မောင့်ကို ဘယ်တုန်းကမှလည်းမုန်းမရခဲ့သလို ထပ်ပီးလည်းမချစ်နိုင်တော့ဘူး" Big Drama ... Drama ကြိုက်မှဖတ်ပါ ။ ဘယ်လို ending ပဲဖြစ်ဖြစ်လက်ခံနိုင်တယ်ဆိုမှဖတ်ပါ ။ Top Stan တွေ မဖတ်တာကောင်းပါလိမ့်မည် ။ Just Fiction , Just feel like a fiction ! If you don't...