Zawgyi
◽◽◽◽◽◽*( ကိုယ့် story , Fic တွေကို tiktok မှာလုံးဝပြန်မတင်ပါနဲ့ ခွင့်မပြုပါဘူး ဘယ်မှာမှပြန်တင်ခွင့်မပြုပါဘူး ကျေးဇူးပြုပီး ရေးပေးထားတဲ့ ကိုယ့်ကို respect ထားပေးပါ ပြန်မတင်ပါနဲ့ မကူးချပါနဲ့ )*
____×____×____×____ဒီနေ့ကျနော် အိမ်ပြန်လာခဲ့သည် ၊ ထယ့်ကိုရော သမီးလေးကိုရော အရမ်းလွန်းနေပီမို့ တစ်ပတ်လဲ ပြည့်ပီမို့ ...
ကျနော် ပြန်ရောက်လာတော့ အိမ်မှာဘယ်သူမှမရှိဘူး ထင်တယ် သမီးလေးကတော့ ဒီအချိန်ကျောင်းတက်နေပီပေါ့ ၊ အဲ့တာနဲ့ ကျနော် လည်း အိမ်ရဲ့အခြအနေကို လဗည့်ပတ်ကြည့်တော့ မီးဖိုချောင်ထဲမှာ စားစရာမျိုးစုံကိုတွေ့လိုက်ရသည် ထယ်ဝယ်ထားတာထင်တယ် ...ထို့နောက် သမီးလေးအခန်းကို သွားကြည့်တော့လည်း မုန့်တွေမှ အစုံလင်ပင် ဟား ဟား ထယ်ကကွာ ၊ ကျနော့်မျက်နှာမှာ အပြုံးတွေမရပ်တန့်နိုင်တော့ပင်
နောက်တော့ ကျနော်တို့အခန်းကိုပြန်လာပီး အ၀တ်စားခန်းထဲက ကျနော့်ဗီရိုထဲဖွင့်ပီး ကျနော့်အ၀တ်တွေထည့်ဖို့လုပ်တော့ အောက်ဆုံးနားလေးမှာ ကျနော်မမြင်ဖူးတဲ့ အ၀တ်တွေ အထပ်လိုက်ကြီးတွေ့လိုက်ရသည် ၊ ဘာပါလိမ့် ထယ်မှားထည့်ထားတာများလား
ကျနော်လည်း ဖြန့်ကြည့်လိုက်တော့ ထယ့် size လည်းမဟုတ် ပီးတော့ ကျနော့် size ပဲ ၊ ကျနော်ကျန်တဲ့ အင်္ကျီတွေပါ အကုန်ဖြန့်ကြည့်လိုက်တော့ အကုန် ကျနော့် size တွေပင် ၊ မ မဟုတ်မှ ထယ်က ကျနော့်အတွက် ဟားး ဟာကွာ ထယ်ရယ်ကျနော်ပျော်လွန်းလို့ မျည်ရည်တွေ ပေါက်ပေါက်ကျလာရသည် ကျနော့်ရင်ထဲမှာ တစ်ကယ်ကိုပြောမပြတတ်လောက်အောင်ပင် ကြည်နူးမိသည်
_________________"မြန်မြန်ရေချိုးပီး ဆင်းလာခဲ့ ပီးရင် ထမင်းစားမယ်"
*ဟုတ်ကဲ့ပါ ပါးပါး*
'ထယ် ! သမီးလေး!'
*အယ် ဖေဖေ!!!*
ကျနော့်ကို ပြေးလာဖက်ကာ ငိုနေသည့်သမီးငယ်
*ဖေဖေမကောင်းဘူး သမီး ကို နှုတ်တောင်မဆက်ပဲ သွားတယ် ဟင့် ဖေဖေကဆိုးတယ် ဖေဖေ့ကို အရမ်းသတိရနေတာ ဟင့်*
YOU ARE READING
ɪ ɴᴇᴠᴇʀ ʜᴀᴛᴇ ʏᴏᴜ [ᴄᴏᴍᴘʟᴇᴛᴇᴅ]
Fanfiction"မောင့်ကို ဘယ်တုန်းကမှလည်းမုန်းမရခဲ့သလို ထပ်ပီးလည်းမချစ်နိုင်တော့ဘူး" Big Drama ... Drama ကြိုက်မှဖတ်ပါ ။ ဘယ်လို ending ပဲဖြစ်ဖြစ်လက်ခံနိုင်တယ်ဆိုမှဖတ်ပါ ။ Top Stan တွေ မဖတ်တာကောင်းပါလိမ့်မည် ။ Just Fiction , Just feel like a fiction ! If you don't...